The network connection is lost.

Banner Image

အင်္ဂလန်အသင်းဖော်ဟောင်းထက် ဖိုဒန်က ပိုကောင်းတယ်လို့ ပြောကြားလိုက်တဲ့ ပေါလ်စခိုး

တနင်္ဂနွေနေ့က ယူနိုက်တက်အား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ဖိုဒန်ဟာ မန်စီးတီးအတွက် ခြေစွမ်းပြသပြီး ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အစောပိုင်း သွင်းဂိုးကြောင့် မန်စီးတီးဟာ ၁-၀ ဂိုးဖြင့် ဦးဆောင်ခြင်းခံခဲ့ရသော်လည်း အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ခြေစွမ်းပြ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
 
မန်စီးတီးရဲ့ ဦးဆောင်ဂိုးအတွက် အယ်လ်ဗာရက်စ်ရဲ့ ဂိုးဖန်တီးပေးမှုကနေ ဂိုးမသွင်းယူမီ ဖိုဒန်ဟာ ဂိုးရဲ့အထက်ထောင့်သို့ သူ့ရဲ့ဘယ်ခြေထောက်ဖြင့် ကန်သွင်းကာ ချေပဂိုး ရယူပေးခဲ့ပါတယ်။ အခုတော့ ဖိုဒန်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာသွင်းယူထားတဲ့ ၁၁ ဂိုး အပါအဝင် သွင်းဂိုး ၁၈ ဂိုးအထိ ရှိလာပြီဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့တစ်ရာသီလုံးမှာလည်း သူဟာ အဆိုပါဂိုးအရေအတွက်အတိုင်း သွင်းယူနိုင်ခဲ့ပြီး လက်ရှိရာသီမှာ မန်စီးတီးရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံးသူအဖြစ် ငြင်းဖွယ်ရာမရှိ ရပ်တည်နေပါတယ်။ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ပေါလ်စခိုးက ဖိုဒန်ဟာ လမ်းပတ်ထက် အရည်အသွေးပိုရှိသူဖြစ်ပြီး ချဲလ်ဆီးအတွက် လမ်းပတ်က ပုံမှန်ဂိုး သွင်းယူတာထက်ကို ဖိုဒန်က ပိုမိုနေပါတယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။
 
လမ်းပတ်ဟာ ပရီးမီးယားလိဂ်မှာ ၅ ဦးမြောက် သွင်းဂိုး အများဆုံးကစားသမားဖြစ်ပြီး ကွင်းလယ်ကစားသမားတွေထဲမှာတော့ အမြင့်မားဆုံးလည်းဖြစ်ပါတယ်။
 
Premier League Production သို့ ပေါလ်စခိုးက "ကြည့်လိုက်စမ်းပါ။ သူက လမ်းပတ်ထက်ပိုကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ လမ်းပတ်က အသင်းအတွက် ကွင်းလယ်ကနေ ဂိုးတွေလည်းသွင်းယူခဲ့သလို လိဂ်ဖလားတွေကိုလည်း ရယူပေးခဲ့သူပါ" "အထောင်တိုက်စစ်မှူးတစ်ဦးက အဲ့ဒီလိုလုပ်တယ်လို့ တွေးကြည့်လိုက်ပါ။ အသင်းက အကောင်းကောင်းလုပ်နိုင်နေတဲ့အချိန် အိုဝင်နဲ့ ဟာလန်းတို့ သွင်းယူမယ့် ဂိုးတွေကို တွေးကြည့်လိုက်ပါ" "ကွင်းလယ်ကနေ ဂိုးသွင်းဖို့အတွက်ဆိုရင် ကြိုးစားပြီးကစားရမှာပါ။ ဒီပွဲအတွင်းသို့ အသင်းကိုခေါ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့က အနိုင်ရရှိမှာ။ ကျွန်တော်တို့ရဲ့ပွဲတွေကို အနိုင်ရရှိတော့မှာပါ" "လမ်းပတ်က အဲ့ဒီဖြစ်ခဲ့ပြိး ဖိုဒန်ကလည်း အဲ့ဒီလိုစတင်ပြီးလုပ်နေပြီလို့ ထင်ပါတယ်" "ဖိုဒန်က လမ်းပတ်ထက် ပိုကောင်းတဲ့သူကို မြင်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်မှားမယ်လို့ မထင်ပါဘူး။ လမ်းပတ်ဟာ သူ့ရဲ့ကွင်းလယ်ကနေ လုပ်အားနှုန်းက အသင်းနဲ့အတူ လိဂ်ဖလားတွေရရှိခဲ့ပြီး အထူးသဖြင့် ပွဲကြီးပွဲကောင်းတွေမှာဖြစ်ပါတယ်။ ဖိုဒန်ကလည်း အလားတူလုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်"လို့ ပြောပါတယ်။
 
ဖိုဒန်ဟာ ၂၀၁၇ခုနှစ်တွင် ပထမဆုံးပွဲဦးထွက်ခဲ့ပြီးနောက် မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ရရှိထားပါတယ်။ သူဟာ မန်စီးတီးအတွက် ပွဲပေါင်း ၂၅၀ ကျော်ကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသထားတာလည်းဖြစ်ပါတယ်။
 
လက်ရှိရာသီမှာတော့ သူဟာ နောက်ထပ် အဆင့်သို့ရောက်လာပြီး အသင်းအတွက် အကောင်းဆုံး ကစားပေးနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက သူ့ကို လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောကြားထားပြီး ပွဲအပေါ်သုံးသပ်ရာမှာ ဖိုဒန်က အရင်ကထက် ရင့်ကျက်လာပါပြီလို့ ချီးကျူးထားပါတယ်။