The network connection is lost.

Banner Image

အာတီတာရဲ့ ပစ်မှတ်က အာဆင်နယ်နှင့် မသင့်လျော်ဘူးလို့ ပြောကြားလိုက်တဲ့ ပေါလ်စခိုး

အာဆင်နယ်ဟာ ဆွီဒင်လက်ရွေးစင် အလက်ဇန်းဒါး အီဆက် ကို ခေါ်ယူရန် ကြာမြင့်စွာ စိတ်ဝင်စားခဲ့ပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်တစ်ခုတည်းမှာပင် ၁၇ ဂိုးသွင်းယူထားကာ ခြေစွမ်းပြနိုင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီလ ဈေးကွက်တွင် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း နယူးကာဆယ် က အီဆက် အတွက် ပေါင် ၁၀၀ သန်းကျော် သတ်မှတ်ထားတဲ့အတွက် သဘောတူညီမှုရရန် ခက်ခဲခဲ့ပါတယ်။ အာတီတာဟာ အင်္ဂလန်သားတိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း အာဆင်နယ်ဟာ ဗီလာကစားသမားအတွက် နောက်ဆုံးအခွင့်အလမ်းကို လက်လွတ်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ နွေရာသီတွင် တိုက်စစ်မှူးသစ်တစ်ဦးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲမယ်လို့ မျှော်လင့်ထားပြီ၊ အီဆက်ဟာ အာတီတာရဲ့ ဦးစားပေးရွေးချယ်မှုများထဲတွင် လိုက်ပ်ဇစ်ကစားသမား ဆက်ခိုနှင့်အတူ ပါဝင်နေဆဲဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်နှင့် အင်္ဂလန်ကစားသမားဟောင်း ပေါလ်စခိုးက အီဆက်ရဲ့ အာဆင်နယ် သို့ အပြောင်းအရွှေ့ကို မမြင်မိဘဲ သူဟာ ဒီ့ထက်ပိုကြီးမားပြီး ပိုကောင်းတဲ့ အပြောင်းအရွှေ့ကို ရည်မှန်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

"လူတိုင်းက သူ့ကို သဘောကျကြပါတယ်။၊ ဒါပေမယ့် သူ အာဆင်နယ်သို့ ပြောင်းမယ်ဆိုတာကို ကျွန်တော် မမြင်မိပါဘူး" လို့ ပေါလ်စခိုးက The Overlap တွင် ပြောကြားခဲ့ပါတယ်။ "သူက ပိုကြီးပြီး ပိုကောင်းတဲ့ အပြောင်းအရွှေ့ကို ရည်မှန်းသင့်ပါတယ်"

"ကျွန်တော်တို့က ဒီမှာ ရီးရဲလ်မက်ဒရစ် အကြောင်း ပြောနေတာဖြစ်ပြီး လီဗာပူးကလည်း တိုက်စစ်မှူး လိုအပ်နေပါတယ်။ အာဆင်နယ် က ရွေးချယ်စရာတစ်ခု ဖြစ်နိုင်တယ်လို့ ထင်မိပေမယ့် သူတို့က ရွေးချယ်စရာစာရင်းရဲ့ အောက်ဆုံးမှာ ရှိနေပါတယ်"
"ကျွန်တော် ဒါကို မကောင်းတဲ့အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သူက နယူးကာဆယ် မှာ ရှိနေတယ် တကယ့်ကို ကောင်းတဲ့အသင်း အံ့သြစရာကောင်းတဲ့အသင်းဖြစ်ပေမယ့် သူတို့က လိဂ်ဖလားကို မရနိုင်ပါဘူး ဒါက သူ့ကစားသမားဘဝရဲ့ နောက်အဆင့်ပါ"

"အာဆင်နယ်ကို သွားပြီး အလားတူအရာကို ထပ်လုပ်တာက စွန့်စားမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ထင်မိပါတယ်။ လီဗာပူးက အခွင့်အလမ်း ပိုကောင်းသလို မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ်ကလည်း အလားတူပါပဲ"

"သူ့ရဲ့ ရည်မှန်းချက်က အာဆင်နယ် ထက် ပိုမြင့်သင့်တယ်လို့ ထင်ပါတယ်။ သူဟာ ယူနိုက်တက်က စိတ်ဝင်စားမယ့် ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့ ရှိနေတဲ့ အခြေအနေကြောင့် ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး" လို့ ပေါလ်စခိုးက ပြောပါတယ်။
လီဗာပူးနှင့် အင်္ဂလန်ခံစစ်မှူးဟောင်း ကာရေဂါက ပေါလ်စခိုးရဲ့ စကားအပေါ် အီဆက်ဟာ အာဆင်နယ် ထက် ပိုကောင်းသလားလို့ ထပ်မေးခဲ့ပါတယ်။

ပေါလ်စခိုးက "ဟုတ်ပါတယ်။ သူက အာဆင်နယ် ကို အဆင့်မြှင့်တင်ပေးနိုင်ပြီး သူက အရမ်းကောင်းပါတယ်။ ပြီးတော့ သူက အောင်မြင်မှုရဖို့ ကူညီပေးနိုင်မယ်ဆိုတာ သဘောတူတယ်။ ဒါပေမယ့် သူ့မှာ ပိုကြီးပြီး ပိုကောင်းတဲ့ အလားအလာတွေ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဖြေပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီဈေးကွက်တွင် ကစားသမားသစ်ခေါ်ယူမှု မပြုလုပ်ခဲ့တဲ့ အနည်းငယ်သော ပရီးမီးယားလိဂ်ကလပ်တွေထဲက တစ်သင်း ဖြစ်ပါတယ်။ဈေးကွက်ပိတ်ပြီးနောက် အာတီတာက ကစားသမားခေါ်ယူမှု မရှိခြင်းကြောင့် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့သော်လည်း ကလပ်၏ စည်းကမ်းကို ချီးကျူးခဲ့ပါတယ်။

"ဈေးကွက်ဖွင့်တဲ့အခါတိုင်း ကျွန်တော်တို့ရဲ့ အသင်းကို ပိုကောင်းအောင် လုပ်နိုင်မယ့် ကစားသမားတွေကို ရှာဖွေဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်"
"ဒဏ်ရာရတဲ့ ကစားသမားတွေကြောင့် ကျွန်တော်တို့ ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒီအချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားမျိုးကိုပဲ ခေါ်ချင်တယ်ဆိုတာ သိထားပါတယ်။ ဒါကြောင့် စည်းကမ်းရှိဖို့ လိုပါတယ်။ ကျွန်တော်တို့က အဲဒီလို လုပ်ခဲ့တယ်လို့ ထင်မိပါတယ်"

"ကျွန်တော်တို့ကို ပိုကောင်းအောင် လုပ်နိုင်မယ့် ကစားသမားတစ်ယောက်ရဲ့ ပရိုဖိုင်အတွက် ငွေကြေးအရ လုပ်နည်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲဒီကနေ ပိုကောင်းအောင် လုပ်ဖို့ ကြိုးစားရပါမယ်" လို့ အာတီတာက ပြောပါတယ်။

အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က နယူးကာဆယ်ကို ရှုံးနိမ့်ကာ ကာရာဘောင်ဖလားကနေ ထွက်ခဲ့ရပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးရှိ လီဗာပူးနှင့် ၆ မှတ်အကွာမှာ ရှိနေပြီးစနေနေ့တွင် လက်စတာနှင့် ကစားရန် ရှိနေပါတယ်။