The network connection is lost.

Banner Image

အံ့ဩအားသင့်ဖွယ်ရှုံးပွဲပြီးနောက် အစ်ဆွစ်စတားနှင့် ချိတ်ဆက်မှုအပေါ် ပြောကြားလိုက်တဲ့ မာရက်စ်ကာ

ပေါ့မန်းရုတ်မှာ ကစားခဲ့တဲ့ပွဲတွင် ဒီလက်က ပင်နယ်တီကနေ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၅၃ မိနစ်တွင် အစ်ဆွစ်အတွက် အနိုင်ဂိုးကို အိုမာရီက သွင်းယူပေးခဲ့ပါတယ်။ မာရက်စ်ကာဟာ မန်စီးတီးတွင် နည်းပြအဖြစ်ရှိစဉ်တွင်  အစ်ဆွစ်တိုက်စစ်မှူးနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး လူငယ်ကစားသမားလေးဟာ အီတီဟက်အကယ်ဒမီထွက် ဖြစ်ပါတယ်။

သူ့ရဲ့ချဲလ်ဆီးနှင့် ကစားတဲ့ပွဲမှာ ဒီလက်ရဲ့စွမ်းဆောင်ရည်ကို ဘယ်လောက်အထိနှစ်သက်ကြောင်း မေးရာ အီတလီနိုင်ငံသားက "ဒါဟာ ဒီလက်ပါ။ သူ့ကို အရင်ကတည်းက ကျွန်တော်သိခဲ့တာပါ" "အချို့သောအခိုက်တန့်တွေ့မှာ ကျွန်တော်တို့က ပိုကောင်းအောင် ခံစစ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အတွက် ဂုဏ်ယူမိပါတယ်" လို့ ဖြေပါတယ်။

လက်ရှိရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးသွင်းယူထားတဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားကို ချဲလ်ဆီးက ချိတ်ဆက်နေတာဖြစ်ပါတယ်။ ပွဲမတိုင်မှာ မာရက်စ်ကာက ဒီလက်ရဲ့စွမ်းဆောင်ရည်အကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာအဆင့်မှာ ပုံမှန်ပွဲထွက်ခွင့်ရမယ့်သူလို့ ဆိုခဲ့ပါတယ်။

"သူ့ရဲ့အသက်အရွယ်မှာတော့ ဒီလက်က အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့က ၁ နှစ်လောက်အတူရှိခဲ့ပြီး သူက ၂၂ ဂိုးလား ၂၄ ဂိုးလား သွင်းယူခဲ့ပြီး ထူးချွန်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်" "အင်္ဂလန်မှာ သူ့လိုအရမ်းကောင်းတဲ့ ကစားသမားကောင်းတွေရှိပါတယ်။ တိုက်စစ်မှူးကောင်းတွေရှိပါတယ်။ သူက ဘောလုံးရှိတဲ့အချိန်ရော မရှိတဲ့အချိန်မှာပါ ပွဲကိုကောင်းကောင်းနားလည်ပြီး ဂိုးတွေလည်း သွင်းယူနိုင်ပါတယ်။ သူ့ရဲ့အသက်အရွယ်ကြောင့် အင်္ဂလန်အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာမယ်လို့ ထင်ပါတယ်" လို့ ချဲလ်ဆီးနည်းပြက ပြောပါတယ်။

ဒီလက်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အင်းဆွစ်နည်းပြ မက်ကန်နာက "သူက တစ်ချိန်လုံးတိုးတက်နေတာပါ။ လူငယ်ကစားသမားတစ်ဦးဖို့ သူ့ရဲ့တိုးတက်နှုန်းက တကယ်ကိုမြင့်မားပါတယ်" "သူ့ရဲ့ကစားဟန်က အားလုံးကိုပျော်ရွင်စေပါတယ်။ ဒီမှာသူလိုကစားသမားများများစားစားမရှိပါဘူး။ တစ်ပတ်ပြီးတစ်ပတ်မှာ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံခံစစ်မှူးတွေနဲ့ ရင်ဆိုင်ကစားနေတာဖြစ်ပါတယ်" "ဒီညမှာ သူက အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ ဒီည ခြေစွမ်းပြသခဲ့တဲ့ ကစားသမားတွေထဲမှာ သူလည်း ပါဝင်ပါတယ်" လို့ ပြောပါတယ်။

၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချဲလ်ဆီးရဲ့ အင်းဆွစ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လက်လွတ်ခဲ့ရတဲ့ အခွင့်အရေးများအတွမာရက်စ်ကာက ညည်းတွားခဲ့ပါတယ်။ "နည်းနည်းတော့ ထူးဆန်းတဲ့ ပွဲတစ်ခုပါ။ ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပြီး ဒုတိယပိုင်းရဲ့ အစပိုင်း ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်မှာ အပိုင်အခွင့်အရေး ၂ ကြိမ် ရခဲ့ပါတယ်"

"ဒုတိယဂိုးက ပွဲကိုသတ်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ တခါတရံမှာ အခွင့်အရေးတွေ အများကြီး ဖန်တီးတဲ့အခါ ဂိုးဘားတန်းထိတာ VAR ရဲ့ဆုံးဖြတ်ချက်၊ ဂိုးသမားကာကွယ်တာ ဒါမှမဟုတ် နောက်တန်းကစားသမားတွေရဲ့ တားဆီးခြင်းကိုပါ ခံရပါတယ်" "ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခုဖြစ်ခဲ့လို့ ရှက်စရာကောင်းပေမယ့် ဂိုးတွေသွင်းနိုင်ခဲ့တဲ့ ပြိုင်ဘက်အသင်းကို ဂုဏ်ပြုပါတယ်" လို့ မာရက်စ်ကာက ပြောကြားလိုက်ပါတယ်။