The network connection is lost.

Banner Image

လူတန်တောင်းနဲ့ပွဲမှာ ပွဲထုတ်သင့်တဲ့ ယူနိုက်တက်စတားကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ပေါလ်မာဆင်

ဘောလုံးအစီအစဉ်တင်ဆက်သူ ပေါလ်မာဆင်က တန်ဟက်အနေနဲ့ လူတန်တောင်းနဲ့ ပွဲမှာ တိုမီနေးကို ပွဲထုတ်သင့်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တိုမီနေးဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေသလို အခြားသူတွေကြံ့ခိုင်မှုပြည့်ဝနေရင် သူ့နေရာက အာမခံချက်မရှိတာဖြစ်ပါတယ်။

စကော့တန်သားဟာ ဒီဇင်ဘာတုန်းက ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ပြီးနောက် ပွဲထွက်ခွင့်မရတော့တာဖြစ်ပြီး ကွင်းလယ်မှာ ကက်စ်မဲရိုးနဲ့ မိုင်နိုတို့က ဦးစားပေးကစားခွင့်ရရှိနေပါတယ်။ ပြီးခဲ့တဲ့ပွဲတွေတုန်းက ပြသခဲ့တဲ့ခြေစွမ်းကြောင့် တိုမီနေးဟာ ပွဲထွက်ခွင့်နေရာ အတွက် ထိုက်တန်နေတာဖြစ်ပြီး နောက်ဆုံး ၃ ပွဲမှာ ၂ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ဗီလာကိုနဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း လူတန်တောင်းနဲ့ပွဲက ယူနိုက်တက်အတွက် နောက်ထပ်ခက်ခဲနိုင်တဲ့ပွဲလည်းဖြစ်ပါတယ်။ မာဆင်က တိုမီနေးတစ်ယောက် အဆိုပါပွဲမှာ ပွဲထွက်ခွင့်ရသင့်တယ်လို့ အခုလိုမျိုးထောက်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော်တစ်ဦးတည်း ဒီအရာကို ပြောနေတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက အရန်ခုံကနေ လူစားဝင်လာပြီး နောက်ထပ်အနိုင်ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူက ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရသင့်တဲ့သူတစ်ဦးပါ။ လူတန်တောင်းက တည်ကန်ဘောတွေကနေ ခြိမ်းခြောက်နိုင်ပါတယ်။ တိုမီနေးပါဝင်တာက ယူနိုက်တက်အတွက် လျှို့ဝှက်လက်နက်ဖြစ်လာနိုင်ပါတယ်။ လူတန်တောင်းက အိမ်ကွင်းမှာ လီဗာပူး ၊ မန်စီးတီး ၊ အာဆင်နယ်တို့ကို ဒုက္ခပေးထားနိုင်ပါတယ်။ သူတို့က အလုပ်ကြိုးစားပြီး ရလဒ်ကောင်းရယူနိုင်အောင် ကြိုးစားမှာပါ။ ကျွန်တော်ကတော့ ယူနိုက်တက်က ၃-၁ နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်”လို့ မာဆင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ထားခဲ့ပြီး ကစားသမားတစ်ဦးက ထူးချွန်နေတာဖြစ်ပါတယ်။ “ဗာရာနီနဲ့ မက်ဂွါရီတို့က နောက်တန်းမှာ ခြေစွမ်းကောင်းပြသနေသလို တိုက်စစ်မှာ ဟွိုက်လန်း ၊ ဂါနာချို နဲ့ ရက်ရှ်ဖို့ဒ်တို့ ခြေစွမ်းကောင်းတွေပြသနေပါတယ်။ ကျွန်တော်က ဟွိုက်လန်း အမာခံပရိသတ်ပါ။ သူက စူပါစတားဖြစ်အောင် လုပ်နေတယ်လို့ ယုံကြည်ပါတယ်။ အခုမှအသက် ၂၁ နှစ်ပဲရှိသေးပေမယ့် သူကတကယ့်ကိုအသင်းသစ်တစ်ခုမှာ ခြေစွမ်းကောင်းတွေပြသနေပါပြီ။ အခုထက်ပိုကောင်းလာမယ့်သူလို့ မြင်မိပါတယ်”လို့ မာဆင်က ပြောကြားခဲ့ပါတယ်။