တိုနီခရူးစ်ရဲ့ တောင်းပန်မှုအပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ ပက်ဒရီ
စပိန်ကွင်းလယ်ကစားသမား ပက်ဒရီဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ဒဏ်ရာတွေနဲ့ဖြစ်နေခဲ့ပြီး ဘာစီလိုနာကြယ်ပွင့်က သူ့ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ပက်ဒရီဟာ အသက် ၁၇ နှစ်အရွယ် ၂၀၂၀ တွင် အသင်းကြီးသို့ရောက်လာခဲ့ကာ အချိန်အတော်ကြာအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပြီးခဲ့တဲ့နှစ်ရာသီက ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ သူဟာ စပိန်အတွက် ထိပ်တန်းပုံစံတွင်ရှိခဲ့သော်လည်း ဂျာမနီ တိုနီခရူးစ်ရဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာပြန်လည်ရရှိခဲ့ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို ထိခိုက်စေခဲ့တဲ့အပေါ် ခရူးစ်က တောင်းပန်ထားတာဖြစ်ပါတယ်။
ဘာကာကြယ်ပွင့်လေးဟာ အင်စတာဂရမ်မှာ "ကျွန်တော် ယူရို ၂၀၂၄ အတွက် ဂျာမနီကို လာခဲ့ပြီး အဆုံးအထိ ဒီမှာ ဆက်ရှိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်မက်က ဆက်ရှိနေမှာမို့ပါ" "ယခုတစ်ပတ်မှာတော့ ဒီမိသားစုကြီးကို အခြားနည်းနဲ့ အားပေးကူညီဖို့ အချိန်ရောက်ပါပြီ။ သူတို့ရဲ့ ပံ့ပိုးကူညီမှုတွေက မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။ အခက်ခဲဆုံးအခိုက်အတန့်တွေကို ကျော်ဖြတ်ခဲ့ပြီး ပြန်လာရမယ့်လမ်းက အခုမှစနေပါပြီ ဘာစီလိုနာအသင်းနဲ့အတူ ကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်" လို့ ရေးသားထားပါတယ်။
သူက တိုနီခရူးစ်ရဲ့ တောင်းပန်မှုကိုလည်း တုံ့ပြန်ခဲ့ပြီး "မက်ဆေ့ချ်အတွက် တိုနီခရူးစ်ကို ကျေးဇူးတင်ပါတယ်။ ဒါက ဘောလုံးပွဲတစ်ပွဲဖြစ်ပြီး ဒီလိုအရာတွေက ရှိနေပါတယ်။ ခင်ဗျားရဲ့ ကစားသမားဘဝနဲ့ မှတ်တမ်းတွေက ထာဝရရှိနေမှာပါ" "နောက်တစ်ခုထပ်ပြောချင်တယ်။ စပိန်ကိုသွားရအောင်ပါ" လို့ ပြောကြားထားပါတယ်။
ပက်ဒရီမပါဝင်နိုင်တာက စပိန်အတွက် ကြီးမားတဲ့ပြဿနာဖြစ်ပြီး အရေးကြီးတဲ့ ဆီမီးဖိုင်နယ်ပွဲအတွက် ပြင်သစ်နှင့် မြူးနစ်မြို့ ဘိုင်ယန်မြူးနစ်ရဲ့အိမ်ကွင်းတွင် ဇူလိုင် ၁၀ ရက်နေ့၌ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပထမပိုင်း၌ ပက်ဒရီရဲ့နေရာတွင် အစားဝင်ရောက်ခဲ့တဲ့ အိုလ်မိုက ပြင်သစ်နှင့်ပွဲထွက်လူစာရင်းတွင် ပါဝင်လာဖွယ်ရှိနေပါတယ်။
ပက်ဒရီဟာ နည်းပြသစ် ဟန်စီဖလစ်ရဲ့ လက်အောက်တွင် ပြင်ဆင်နေသောကြောင့် ဘာစီလိုနာရဲ့ အရေးကြီးတဲ့ ရာသီကြိုခြေစမ်းပွဲများကို လက်လွှတ်ရတော့မှာ သေချာပါတယ်။ ပက်ဒရီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘာစီလိုနာမှာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဂါဗီနဲ့အတူ သြဂုတ်လ ၁၈ ရက်နေ့ လာလီဂါပွဲစဉ်များ ပြန်စတဲ့အချိန် ကစားနိုင်ဖို့ မျှော်လင့်လို့မရနေတာဖြစ်ပါတယ်။