The network connection is lost.

Banner Image

ဒဏ်ရာပြဿနာရှိနေပေမယ့် နော်ဝေလူစာရင်းမှာ ပါဝင်လာတဲ့ အာဆင်နယ်စတား

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်တစ်ယောက် လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပေမယ့် နော်ဝေအသင်းလူစာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
နော်ဝေအသင်းဟာ အိုဒီဂတ်ကို ဖင်လန် ၊ မော်လ်ဒိုဗာတို့နဲ့ပွဲတွေအတွက် လူစာရင်းမှာ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့လိဒ်ယူနိုက်တက်ကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ညာဘက်ပခုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လာမယ့်လီဗာပူးနဲ့ပွဲအတွက် မသေချာသေးတာဖြစ်ပါတယ်။
နိုင်ငံအသင်းလူစာရင်းမှာ ပါဝင်လာတာကြောင့် အိုဒီဂတ်အနေနဲ့ လာမယ့်လီဗာပူးနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေတယ်လို့ ယူဆနေကြပါတယ်။
ဘင်ဝှိုက် ၊ ဆာကာ ၊ နော်ဂတ် နဲ့ ကိုင်ဟာဗက်ဇ်တို့ဒဏ်ရာရနေချိန်မှာ အိုဒီဂတ်ပြန်လာနိုင်တာကက သတင်းကောင်းဖြစ်လာပါတယ်။
အိုဒီဂတ်ဟာ လိဒ်နဲ့ပွဲမှာ ပခုံးဒဏ်ရာကြောင့် ပွဲကစားချိန် ၃၈ မိနစ်မှာ လူငယ်စတား နွမ်နီရီနဲ့ လူစားလဲခဲ့ရပါတယ်။
အာဆင်နယ်ဟာ လိဒ်နဲ့ပွဲမှာ တင်းဘား ၊ ယိုကရက်စ် ၊ ဆာကာတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ နော်ဝေလူစာရင်းမှာ ဟာလန်း ၊ လာဆင် ၊ အော်စကာဘော့ဘ် ၊ ဆိုလော့တ်တို့လည်း ပါဝင်လာပါတယ်။
လာမယ့်လီဗာပူးနဲ့ပွဲမှာ အိုဒီဂတ်ပါဝင်လာနိုင်မလားဆိုတာကို အားလုံးကစောင့်ကြည့်နေကြပြီး လက်ရှိအမှတ်ပေးဇယားထိပ်မှာ အာဆင်နယ် ၊ လီဗာပူး ၊ တော့တင်ဟမ်တို့က ရပ်တည်နေပါတယ်။