ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ချိတ်ဆက်နေချိန်မှာ အေးဂျင့်ဖြစ်သူထံ ထုတ်ဖော်ပြောကြားလိုက်တဲ့ နီကိုဝီလီယံ
ဘီလ်ဘာအိုစတား နီကိုဝီလီယံက သူ့အနေနဲ့ သတင်းအမှားတွေကို မကြားချင်ဘူးဆိုတဲ့အကြောင်း ပြောကြားလိုက်သလို သူ့အနေနဲ့ စပိန်အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
ဝီလီယံဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘီလ်ဘာအို အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ပြီး ၅ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်သားဟာ စပိန်အသင်းနဲ့အတူလည်း စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ကာ အပြောင်းအရွှေ့အတွက်လည်း သတင်းတွေကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။
ဝီလီယံကို ဘာစီလိုနာနဲ့ အာဆင်နယ်တို့က အသည်းအသန်ချိတ်ဆက်နေပြီး ချဲလ်ဆီးကလည်း ကစားသမားရဲ့တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း ဝီလီယံဘက်ကတော့ သူ့အနေနဲ့ သတင်းအမှားတွေကို နားမယောင်ဖို့ ဆုံးဖြတ်ထားပြီး စပိန်အသင်းနဲ့ကွာတားဖိုင်နယ်ကိုသာ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
“အဆုံးသတ်မှာ ကျွန်တော့်အကို အီနာကီဝီလီယံက ကျွန်တော့်အတွက် အရေးအကြီးဆုံးပါ။ သူနဲ့ကျွန်တော်က ဆင်တူမှုရှိပါတယ်။ သူ့ဆီမှာလည်း ကမ်းလှမ်းမှုတွေ ရထားပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောသလိုပါပဲ ကျွန်တော်အပြင်ကလာတဲ့အရာတွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော် ဘာကြိုက်လဲဆိုတာ သူတို့သိပါတယ်။ ကျွန်တော်က ပြင်ပကအရာတွေကို မသိချင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက ကျွန်တော့်ကို နှောက်ယှက်နိုင်တာကြောင့်ပါ။ အခုတော့ ကျွန်တော်တစ်ခုတည်းသောအရာအတွက် အာရုံစိုက်ထားပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုတည်းကို အာရုံစိုက်နေချိန်မှာ အခြားတစ်ခုဝင်လာခဲ့ရင် အဆုံးသတ်မှာ ကျွန်တော့်ခေါင်းက အလုပ်ကောင်းကောင်းမလုပ်တော့ပါဘူး။ ကျွန်တော့်အေးဂျင့် ၊ မိဘတွေ နဲ့ ကျွန်တော့်မိသားစုက ကျွန်တော့်အကြောင်း ကောင်းကောင်းသိပါတယ်။ သူတို့ ယူရိုမပြီးခင်အထိ ကျွန်တော်ဘာမှမကြားချင်တာ သိပါတယ်”လို့ ဝီလီယံက ပြောကြားခဲ့ပါတယ်။
ဝီလီယံရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၆ သန်း ရှိနေတာဖြစ်ပြီး အနာဂတ်အတွက်တော့ အာမခံချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ “မှန်ပါတယ်။ ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် ကျွန်တော်ယူရိုအတွက် အာရုံစိုက်ထားပါတယ်။ အဲ့တာက ခရီးအရှည်ကြီးသွားရဦးမှာပါ။ လာမယ့်နှစ်မှာ ဘာဖြစ်မလဲဆိုတာဘယ်သူမှမသိပါဘူး”လို့ ဝီလီယံက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယူရိုက သူ့ဘဝကိုပြောင်းလဲစေခဲ့လားဆိုတဲ့အပေါ် ဝီလီယံက “ကျွန်တော်မရှိချင်တဲ့ နေရာမှာဆိုရင် အဲ့တာက အသိအမှတ်အပြုခံရမှာမဟုတ်ပါဘူး။ ဘဝတော့ ပြောင်းလဲတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်အမြဲပြောခဲ့သလို အက်သလက်တစ်မှာ ဒီလိုပွဲတွေကစားဖူးပါတယ်။ သူတို့မမြင်ဖူးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဥရောပပြိုင်ပွဲတွေ မကစားဖူးတာကြောင့်ပါ။ ဒီနှစ်မှာတော့ ကျွန်တော်တို့မှာရှိလာခဲ့ပါပြီ။ ကျွန်တော် ဒီအခွင့်အရေးကို အသုံးချမှာပါ။ နောက်ထပ်အိပ်မက်တစ်ခုကို ပြည့်အောင်လုပ်ဆောင်မှာပါ။ ကျွန်တော်ကတော့ အကောင်းဆုံးလုပ်ဆောင်တာ ဒါမှမဟုတ် အကောင်းဆုံး ကစားသမားဖြစ်အောင် ကြိုးစားမှာပါ။ ဒါကြောင့် ကျွန်တော်နေ့တိုင်း ကြိုးစားနေတာပါ။ ကျွန်တော် ဒီလမ်းကြောင်းကို ဆက်လုပ်မှာပါ။ ကျွန်တော့်အတွက် ဆက်လုပ်မှာပါ။ ဒီလိုမျိုးဆက်လုပ်သွားမှာပါ”လို့ ဝီလီယံက ပြောကြားခဲ့ပါတယ်။