The network connection is lost.

Banner Image

Al Shabab အသင်းနဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ နေမာ

သောကြာနေ့ကကစားခဲ့တဲ့ Al Shabab အသင်းနဲ့ပွဲမှာ နေမာတစ်ယောက် အသင်းအတွက် ပင်နယ်တီကနေ ဂိုးအဖြစ်ပြောင်းလဲပေးနိုင်မယ့်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

နေမာဟာ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ ဆော်ဒီလိဂ်ကို ပေါင် ၇၇ သန်း ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းသစ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ မြင့်မားတဲ့ငွေကြေးနဲ့ပြောင်းလာပြီးကတည်းက နေမာဟာ ဂိုးမသွင်းနိုင်သေးပဲ သတင်းတွေကတော့ နေမာတစ်ယောက် အဝတ်လဲခန်းထဲမှာ နည်းပြ ဂျော့ချ်ဂျီးဆပ်စ်နဲ့ပြဿနာတက်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

Al Shabab အသင်းနဲ့ပွဲမှာလည်း နေမာတစ်ယောက် သူ့ရဲ့ပုံစံဆိုးဝါးမှုကို ဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမပြီးခင်မှာ အယ်လ်ဟီလယ်အသင်းက ပင်နယ်တီရခဲ့တာဖြစ်ပြီး ဘရာဇီးသားက ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမာရဲ့ကန်ချက်က တိုင်ထိထွက်ခဲ့တာဖြစ်ပြီး ဘိုနိုက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်သားဟာ ဒုတိယပိုင်းမှာ ထောင့်ကန်ဘောကနေ ကူလီဘာလေရဲ့ဂိုးကို ဖန်တီးနိုင်ခဲ့ပြီး အဲ့နောက် မီထရိုဗစ်ရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အယ်လ်-ဟီလယ်အသင်းဟာ အယ်လ်-အီတီဟက်အသင်းကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့ပါတယ်။