ခြေစွမ်းအသာစီးဖြင့်ကစားကာ အိမ်ကွင်းနိုင်ပွဲရယူနိုင်ခဲ့တဲ့ နယူးကာဆယ်
နယူးကာဆယ် ၂-၀ ဘန်လေ (ပွဲပြီးရလဒ်)
အယ်လ်မီရွန် ၁၄ မိနစ်
အီဆက်ခ် ၇၆ မိနစ် (ပင်)
စိန့်ဂျိမ်းစ်ပတ်ခ်မှာကစားတဲ့ အခုပွဲစဉ်မှာ အိမ်ရှင်နယူးကာဆယ်က ဧည့်သည်ဘန်လေကို ပွဲချိန်အစအဆုံး အသာစီးရယူကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ကစားသမားတွေရဲ့အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့်သာ သွင်းဂိုးတွေ အခုထက်ပိုပြီး မမြင်တွေ့ခဲ့ရတာပါ။ ပထမပိုင်းပွဲချိန်မှာ အယ်လ်မီရွန်ရဲ့ လှပတဲ့ကန်ချက်ဖြင့် နယူးကာဆယ်တို့ ဦးဆောင်ဂိုးရရှိခဲ့သလို ဒုတိယပိုင်းပွဲချိန်မှာလည်း ဂေါ်ဒွန်ကြောင့် ရရှိလာတဲ့ပယ်နယ်တီကို အီဆက်ခ်က အပိုင်ကန်သွင်းကာ နောက်ထပ်ဦးဆောင်ဂိုးထပ်မံရယူနိုင်ခဲ့ပါတယ်။ ဧည့်သည်ဘန်လေကတော့ ဒီနေ့ပွဲစဉ်မှာ ထူးထူးခြားခြားဘာမှမလုပ်ပြနိုင်ဘဲ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ အထူးသဖြင့် နည်းပြကွန်ပနီအနေဖြင့် သူ့ရဲ့အသင်းကို ပရီးမီးယားလိဂ်မှာ တန်းမီအောင် အတော်လေးကြိုးစားရဦးမယ်ဆိုတာ ဒီနေ့ပွဲစဉ်ရဲ့ခြေစွမ်းပိုင်းတွေက သက်သေပြနေပါတယ်။