
တိုက်စစ်နေရာအတွက် ကြိုတင်ပြင်ဆင်လာတဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး အီဆက်ကိုလက်လွှတ်ရမယ်ဆိုရင် အစားထိုးနိုင်ဖို့ ကစားသမား ၄ ဦးလောက်အထိ လျာထားတယ်လို့ သိရပါတယ်။
အဆိုပါတိုက်စစ်မှူး ၄ ဦးထဲမှာ ၃ ဦးက အင်္ဂလန်မြေမှာကစားနေတာဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် အသင်းကနေထွက်ခွာခွင့်တောင်းဆိုခဲ့ပြီးနောက် နယူးကာဆယ်အသင်းဟာ တိုက်စစ်နေရာအတွက် ကြိုတင်ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
အီဆက်နေရာအတွက် နယူးကာဆယ်က တိုက်စစ်မှူး ၄ ဦးလောက်လျာထားပြီး အစားထိုးနိုင်ဖို့ စီစဉ်ထားတယ်လို့ မယ်ရာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မယ်ရာသတင်းဌာနရဲ့အဆိုအရ နယူးကာဆယ်ပစ်မှတ်တွေထဲမှာ လိုက်ပ်ဇစ်စတား ဆက်စ်ကို ၊ ချဲလ်ဆီးစတား ဂျက်ဆင် ၊ ဗီလာစတား ဝက်တ်ကင်း နဲ့ ဝီဆာတို့ ပါဝင်နေတယ်လို့ သိရပါတယ်။
လိုက်ပ်ဇစ်ဘက်က ပေါင် ၆၁ သန်းလောက်ရရင် သူတို့စတားကို လက်လွှတ်ဖွယ်ရှိနေသလို ချဲလ်ဆီးဘက်ကလည်း ဂျက်ဆင်အတွက် ပေါင်သန်း ၁၀၀ ရရင် လက်လွှတ်ဖွယ်ရှိနေပါတယ်။
အခြားတစ်ဖက်မှာ ဗီလာကတော့ အင်္ဂလန်သားကို ဘယ်ဈေးရရ ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။
ဝီဆာကိုခေါ်ယူမယ်ဆိုရင် နယူးကာဆယ်အနေနဲ့ တန်ကြေးမြင့်မြင့်ပေးချေရဖို့များနေပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီပေါင် ၂၆၅ သန်းအထိ အသုံးပြုထားခဲ့ပေမယ့်လည်း အီဆက်ကိုခေါ်ယူဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ လီဗာပူးအသင်းဟာ ဒီယက်ဇ်ကိုရောင်းချနိုင်ခဲ့မယ်ဆိုရင် အီဆက်ကိုခေါ်ယူနိုင်ချေရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။
မကြာသေးခင်တုန်းကလည်း လီဗာပူးဟာ ဝီရက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားခဲ့ပါတယ်။ အမှန်တကယ်မှာလည်း လီဗာပူးအသင်းအနေနဲ့ အီဆက်ကို နောက်ထပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေဖို့ တုံ့ဆိုင်းနေမှာမဟုတ်တာဖြစ်ပါတယ်။ အီဆက်ကို ဆုံးရှုံးနိုင်ချေအတွက် ဟိုဝီက ကြိုတင်ပြင်ဆင်နေပြီး မကြာခင်မှာ လက်ရှိအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
တစ်ချိန်တည်းမှာပဲ ဘုန်းမောက်နည်းပြဟောင်းက အသင်းအနေနဲ့ လက်ကျန်အပြောင်းအရွှေ့အချိန်အတွင်းမှာ သူ့ကိုတောင့်တင်းတဲ့လူအင်အားဖြည့်တင်းပေးမယ်လို့ မျှော်လင့်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ကြောင့် လူအင်အားတောင့်တင်းဖို့ လိုအပ်နေပါတယ်။