The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် နည်းပြအပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတဲ့ နာပိုလီ

ဝေါ်လ်တာမက်ဇ်ဇာရီက နာပိုလီနည်းပြအဖြစ် သုံးလကျော်သာ တာဝန်ထမ်းဆောင်ရသေးပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ရာထူးကို စောင့်ကြည့်ခံရမှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း နေပယ်လ်သားတွေဆီ တကျော့ပြန်ရောက်ရှိလာတဲ့ အသက်-၆၂ နှစ်အရွယ် နည်းပြက အသင်းရဲ့ရလဒ်ပိုင်း ဆိုးရွားနေမှုတွေကြောင့် ရာထူးမှ ထုတ်ပယ်ခံရဖို့ နီးစပ်နေပါတယ်။

မက်ဇ်ဇာရီက နည်းပြဘဝသက်တမ်းတလျှောက် နာပိုလီအသင်းကို ဒုတိယအကြိမ်အဖြစ် တာဝန်ယူကိုင်တွယ်နေပါတယ်။ အီတလီအခြေစိုက်သတင်းထောက် မက်တီယိုမိုရတ်တိုရဲ့ အဆိုအရ နာပိုလီက အခုဘောလုံးရာသီ၊ သူတို့အသင်းရဲ့ တတိယမြောက်နည်းပြသစ်တစ်ဦး ခန့်အပ်နိုင်ဖို့အတွက် မက်ဇ်ဇာရီကို ရာထူးမှထုတ်ပယ်ဖို့ အလေးအနက်ထားစဉ်းစားနေတယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်က လာမယ့်ဗုဒ္ဓဟူးနေ့ညပိုင်း၊ မာရာဒိုနာကွင်းကြီးမှာ ဘာစီလိုနာအသင်းကို ဧည့်ခံကစားရမယ့် နာပိုလီရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် (ပထမအကျော့)ပွဲစဉ်မတိုင်ခင် ထွက်ပေါ်လာနိုင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ မက်ဇ်ဇာရီသာ ရာထူးမှာ မြဲနေမယ်ဆိုရင် ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက် ရောက်ရှိနေပြန်တဲ့ ဘာစီလိုနာနည်းပြဇာဗီနဲ့အတူ နေပယ်လ်မြို့ရဲ့ ရာထူးထုတ်ပယ်ပွဲတွေ ချုပ်ငြိမ်းသွားနိုင်ဖွယ် ရှိပါတယ်။

ဇာဗီကိုယ်တိုင်ကလည်း အခုဘောလုံးရာသီကုန်မှာ ဘာစီလိုနာနည်းပြ ရာထူးတာဝန်ကို စွန့်လွှတ်မယ်လို့ တရားဝင်ကြေညာထားပေမယ့် နာပိုလီနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ရလဒ်ဆိုးရွားခဲ့မယ်ဆိုရင် သူ့ရဲ့အလုပ်ကို စောစောစီးစီးစွန့်လွှတ်သွားရနိုင်ပါတယ်။