The network connection is lost.

Banner Image

ဂါနာချိုရဲ့ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ နာပိုလီအားကစားဒါရိုက်တာ ဂျီယိုဗန်းနီမန်နာ

စနေနေ့ညက အတ္တလန္တာကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် စီးရီးအေအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးတွင် ၆ မှတ် ဖြတ်ထားတဲ့ အန်တိုနီယိုကွန်တီရဲ့အသင်းဟာ ယူရိုသန်း ၇၀ ဖြင့် ပီအက်စ်ဂျီ သို့ပြောင်းရွှေ့ခဲ့တဲ့ ခဗာရက်စ်ခီလီယာရဲ့နေရာတွင် အစားထိုးရန် စျေးကွက်တွင် ကစားသမားသစ် ရှာဖွေနေတာဖြစ်ပါတယ်။

ဂါနာချိုကို နာပိုလီက ခဗာရက်စ်ခီလီယာရဲ့နေရာမှာအစားထိုးဖို့အတွက် ပထမဦးစားပေးနေရာမှာ သတ်မှတ်ထားပေမယ့် အီတလီကလပ်ရဲ့ အာဂျင်တီးနားလက်ရွေးစင်အတွက် ပေးထားတဲ့ ဈေးနှုန်းက ယူနိုက်တက်က သတ်မှတ်ဈေနဲ့ ကွာဟနေပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုအတွက် ပေါင်သန်း ၇၀ ပေးချေရမယ်လို့ ပြောထားသော်လည်း နာပိုလီကတော့ ယူရိုသန်း ၅၀ (ပေါင် ၄၂၁. သန်း) ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ နာပိုလီရဲ့ ကနဦးကမ်းလှမ်းမှုကို ယူနိုက်တက်က ပယ်ချခဲ့တယ်လို့ ဒီတစ်ပတ်သတင်းတွေအရ သိရပါတယ်။

ချဲလ်ဆီးအသင်းကလည်း ဒီရာသီမှာ ယူနိုက်တက်အတွက် ၃၁ ပွဲကစားပြီး ၈ ဂိုး သွင်းယူပေးခဲ့တဲ့ ဂါနာချိုကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂါနာချိုအတွက် နာပိုလီရဲ့ အလားအလာရှိတဲ့ အပြောင်းအရွှေ့အကြောင်း တိုက်ရိုက်မေးမြန်းတဲ့အခါ အားကစားဒါရိုက်တာ မန်နာက "ကျွန်တော်တို့ အကဲဖြတ်ချက်အချို့ ပြုလုပ်နေပါတယ်၊ သူက အရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူက ကျွန်တော်တို့အတွက် မဟုတ်ပါဘူး"

"အရေးကြီးတဲ့ ကစားသမားတစ်ယောက် ထွက်သွားတယ်ဆိုတာ သိထားရင်တောင်မှ ထိပ်တန်းကစားသမားဆိုတာ သူ့ကို မန်နေဂျာက သတ်မှတ်ပေးတဲ့အတွက် မျှော်လင့်ချက်တွေက မြင့်မားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နာပိုလီရဲ့ စည်းကမ်းအတိုင်း တစ်ခုခုလုပ်မှာပါ" လို့ ဖြေပါတယ်။ ခဗာရက်စ်ခီလီယာကို ရောင်းထုတ်ခဲ့တဲ့ နာပိုလီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မန်နာက "အသင်းက ကောင်းကောင်း တုံ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကစားသမားက ဒီပွဲကို မလာချင်သလို ဒါကြောင့် သူ့ကိုယ်သူ ချန်လှပ်ထားခဲ့ပါတယ်။ နည်းပြက အဖွဲ့ကို စုစည်းနိုင်ခဲ့ပြီး အခြေအနေကို သူတို့ သိထားပြီးသားပါ"

"ခင်များတို့အနေနဲ့ သူက ကျွန်တော်တို့ ဘာပြောခဲ့သလဲဆိုတာကို သူ့ကို မေးရပါမယ်။ ကစားသမားက သူ့ကိုရောင်းထုတ်ဖို့ တောင်းဆိုတယ်လို့ ပြောလို့ရပါတယ်" "ကျွန်တော်တို့က သက်တမ်းတိုးဖို့လုပ်ပေမယ် မလွယ်ပါဘူး။ သူ့ရဲ့ လစာ လိုအပ်ချက်တွေက ကျွန်တော်တို့အသင်းနဲ့ သိသိသာသာ မကိုက်ညီပါဘူး" "ရွေးချယ်မှုဟာ အတင်းအကြပ် ခိုင်းစေခဲ့သလိုပါ။ ကျွန်တော်တို့က သူ့ကို အကောင်းဆုံး ဖြစ်စေချင်ပါတယ် သူက နာပိုလီအတွက် ကောင်းမွန်တဲ့ စာမျက်နှာတွေ ရေးခဲ့မယ်ဆိုရင်တောင် သူဟာ အတိတ်မှာကျန်ခဲ့ပါပြီ" လို့ ဖြေပါတယ်။