The network connection is lost.

Banner Image

အင်္ဂလန်အသင်းမှာ နေရာရဖို့မသေချာတဲ့ အာဆင်နယ်စတား

အင်္ဂလန်အသင်းနည်းပြ တူချယ်က အာဆင်နယ်စတား စကယ်လီအနေနဲ့ ကောင်းမွန်တဲ့မြို့သားဖြစ်နေယုံ နဲ့ အင်္ဂလန်အသင်းနေရာရဖို့မဖြစ်နိုင်ဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။ အလားအလာရှိပေမယ့်လည်း စကယ်လီဟာ အာဆင်နယ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အခုချိန်မှာ တူချယ်က အာဆင်နယ်စတားအနေနဲ့ အင်္ဂလန်အသင်းမှာပါဝင်ချင်တယ်ဆိုရင် မိနစ်ပိုပါဝင်နိုင်ဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

တူချယ်ရဲ့အင်္ဂလန်အသင်းဟာ လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ ဝေးလ် ၊ လက်ဗီးယားတို့နဲ့ ကစားရမှာဖြစ်ပြီး စကယ်လီအနေနဲ့ လာမယ့်နှစ်ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူချယ်က အာဆင်နယ်စတားရဲ့အခြေအနေကို အကဲခတ်နေဆဲဖြစ်ပြီး အာဆင်နယ်မှာ ပုံမှန်နေရာရဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။အီတလီစတား ကာလာဖီအိုရီက စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် စကယ်လီဟာ အရန်ခုံမှာထိုင်နေရတာဖြစ်ပါတယ်။
ဒီရာသီမှာ စကယ်လီတစ်ယောက် ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ခွင့်မရသေးပဲ တကယ်လို့ လာမယ့်ပွဲတွေမှာလည်း ဆက်ပွဲထွက်ခွင့်မရဘူးဆိုရင် အင်္ဂလန်အသင်းလူစာရင်းမှာ နေရာဖို့ ခက်ခဲလာနိုင်တာဖြစ်ပါတယ်။

“လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်နေပေမယ့် အဲ့တာကတစ်နှစ်တာအတွက် မလုံလောက်ပါဘူး။ သူက လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ အရမ်းကောင်းတဲ့ကစားသမားဖြစ်သလို အရမ်းကောင်းတဲ့အသင်းဖော်ဖြစ်နေပါတယ်။ ဒါပေမယ့် အဲ့လိုမျိုးဖြစ်နေယုံနဲ့ ကျွန်တော်တို့နဲ့ဆက်နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံအသင်းမှာပါဝင်ချင်တယ်ဆိုရင် ကလပ်အသင်းမှာ ပုံမှန်စွမ်းဆောင်ပြနေဖို့လိုအပ်ပါတယ်။ မနှစ်ကတုန်းက သူအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းဆီကနေခေါ်ယူခြင်းခံခဲ့ရပါတယ်။ သူ့ဘက်က ခြေစွမ်းပြမယ်ဆိုရင် နိုင်ငံအသင်းမှာနေရာလာမှာပါ။ ဒါပေမယ့် ခင်ဗျား ဆားဘီးယားနဲ့ပွဲမှာ သူလူစာရင်းထဲ မပါဝင်လာခဲ့ပါဘူး။

လူစာရင်းထဲမှာမပါဝင်လာတောင် သူ့အပြုအမူက အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ သူ့ရဲ့လေ့ကျင့်မှု ၊ အာရုံစူးစိုက်မှုက ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ ဒီဆုံးဖြတ်ချက်ကနေ သူက အကျိုးရှိတဲ့သူတွေထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်လမှာ အာဆင်နယ်အတွက် စွမ်းဆောင်ပြဖို့က အဓိကကျပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ စကယ်လီအနေနဲ့ လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲမှာ အာဆင်နယ်အတွက်ပထမဆုံးပွဲဦးထွက်ပါဝင်ခွင့်ရဖို့ အာရုံစိုက်ရမှာဖြစ်ပါတယ်။ တကယ်လို့ ပွဲထွက်ခွင့်ရပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်မယ်ဆိုရင် နိုင်ငံအသင်းမှာကော ကလပ်အသင်းမှာပါ ပါဝင်လာနိုင်ချေရှိနေပါတယ်။