အကောင်းဆုံးခြေစွမ်းပြန်ရဖို့ နီးစပ်နေပြီလို့ပြောကြားလာတဲ့ မေဆင်မောင့်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မေဆင်မောင့်က သူဟာ ဒဏ်ရာပြဿနာတွေကိုကျော်လွှားနိုင်ခဲ့ပြီဖြစ်တာကြောင့် ယခုအခါမှာတော့ အကောင်းဆုံးခြေစွမ်းပြန်ရဖို့ နီးစပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဘဝအစပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့မောင့်ဟာ ယခုအခါမှာတော့ ခြေစွမ်းကောင်းပြန်လည်ရရှိနေပြီဖြစ်ပြီး နည်းပြ ရူဘင်အာမိုရင်လက်အောက်မှာ တဖြည်းဖြည်း အသားကျလာခဲ့ပြီဖြစ်ပါတယ်။
ယခုအခါမှာ အင်္ဂလိန်သား "ကျွန်တော် အကောင်းဆုံးခြေစွမ်း ဆီ ပြန်ရောက်ဖို့ တကယ်ကို နီးစပ်နေပြီလို့ ထင်ပါတယ်။ အခုဆိုရင် ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီးရှိနေပြီ၊ အခက်အခဲတွေကိုလည်း ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်လို့ ကျွန်တော့်ရဲ့ခြေစွမ်းဟာ အရင်ကထက်တောင် ပိုမြင့်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်"
"ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ အဲဒီခြေစွမ်းမျိုးနား ရောက်ဖို့တောင် တကယ်ကို ခက်ခဲခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ရာသီကြိုပြင်ဆင်မှု ကောင်းကောင်း လုပ်နိုင်ခဲ့သလို ပွဲတွေလည်း အများကြီး ကစားထားရပါပြီ။ ပွဲကစားချိန် တွေလည်း အတော်လေး ရထားပြီဖြစ်လို့ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံဆီ ပြန်ရောက်ဖို့ ပိုနီးစပ်လာပြီလို့ ခံစားရပါတယ်။"
"ကျွန်တော် လူငယ်ဘဝတုန်းကတော့ စိတ်ပျက်စရာကောင်းတဲ့ အခိုက်အတန့်မျိုးတွေ သိပ်မကြုံခဲ့ရဖူးဘူး ထင်ပါတယ်။ နိုင်ပွဲတွေ ခဏခဏရလေ့ရှိတဲ့ အရမ်းတောင့်တင်းတဲ့ အသင်းတွေမှာ ကစားခွင့်ရခဲ့တာမို့ ကျွန်တော် တော်တော်လေး ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အသက်ကြီးလာတဲ့အခါမှာတော့ ဘဝမှာ အတက်အကျဆိုတာ သေချာပေါက် ရှိလာမယ်ဆိုတာကို နားလည်လာရပါတယ်။"
"ကျွန်တော် ကြုံခဲ့ရတဲ့ အနိမ့်ဆုံး အခိုက်အတန့်တွေကတော့ ပွဲကြီးတွေမှာ ရှုံးတာ ဒါမှမဟုတ် ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့တာမျိုးတွေပါ။ ဒါက လက်ခံတတ်အောင် သင်ယူပြီး ကျော်ဖြတ်ရမယ့် အရာတစ်ခုပဲ ဖြစ်ပါတယ်။"