The network connection is lost.

Banner Image

အာမိုရင်လက်အောက်မှာ ပြောင်းလဲလာတဲ့ယူနိုက်တက်ကို နော်တင်ဟမ်စတား ချီးကျူး

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း အာမိုရင်လက်အောက်မှာ ပြောင်းလဲလာတဲ့ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ကို နော်တင်ဟမ်စတား မော်ဂန်ဂစ်ဝှိုက်က ချီးကျူးလိုက်ပါတယ်။ အာမိုရင်ဟာ ရာသီအစတုန်က ပရီးမီးယားလိဂ် ၆ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိခဲ့တာကြောင့် ဖိအားတွေအောက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရပြီးနောက် ခြေစွမ်းပြန်မှန်လာခဲ့ပြီး လီဗာပူး နဲ့ ဘရိုက်တန်တို့ကိုပါ ဆက်တိုက်အနိုင်ယူနိုင်ခဲ့ပါတယ်။

အခုချိန်မှာလည်း ၂၀၂၄ ဖေဖော်ဝါရီကတည်းက ၄ ပွဲဆက်အနိုင်ရမှုမှတ်တမ်းကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး အခုအပတ်မှာ နော်တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် မော်ဂန်က အာမိုရင်လက်အောက်မှာ တိုးတက်လာတဲ့ယူနိုက်တက်ကို ချီးကျူးခဲ့ပါတယ်။  “အဲ့တာမျိုးမြင်ရတာ တကယ်ကြီးမားပါတယ်။ ယေဘုယျအားဖြင့် သူတို့လွန်ခဲ့တဲ့နှစ်တွေကတည်းက ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ လွန်ခဲ့တဲ့ ၄ ပွဲ ဒါမှမဟုတ် ၅ ပွဲလောက်မှာတော့ အတော်တိုးတက်လာပါတယ်။

အဲ့တာမျိုးမြင်ချင်နေတာပါ။ ကျွန်တော်တို့လုပ်နိုင်တာက လက်ရှိမှာကိုယ့်ကိုကိုယ်အာရုံစိုက်ဖို့ပါ။ ယူနိုက်တက်ဘာလုပ်နေလဲဆိုတာ အာရုံစိုက်ရမှာမဟုတ်ပါဘူး။ သူတို့စွမ်းဆောင်ရည်တိုးတက်လာပါတယ်။  ကျွန်တော်တို့လုပ်နိုင်တာကို အာရုံစိုက်ရပါမယ်။ ကျွန်တော်တို့ ဘယ်လိုအနိုင်ရအောင်ကန်မလဲဆိုတာ စီစဉ်ရပါမယ်။ အခုအပတ်မှာ ကျွန်တော်တို့ စိတ်ကူးအချို့နဲ့ လုပ်ဆောင်ထားနိုင်ခဲ့ပါပြီ။ ပွဲမတိုင်ခင် ရက်အနည်းငယ်ရပါသေးတယ်။ နည်းပြကြီးဆီမှာလည်း သူတို့ကိုအနိုင်ကန်နိုင်ယမ့် စိတ်ကူးအချို့ရှိနေမှာပါ”လို့ မော်ဂန်က ပြောကြားခဲ့ပါတယ်။