
အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပရိသတ်တစ်ဦးထံ ပြန်လည်တုံ့ပြန်လိုက်တဲ့ ဆာလက်
လီဗာပူးတောင်ပံကစားသမား ဆာလက်က ဝီရက်ဇ် နဲ့ အီဆက်တို့ဟာ ဒီယက်ဇ် နဲ့ နူနက်ဇ်တို့ကို အဆင့်မြှင့်လိုက်တာလို့ ပရိသတ်တစ်ဦးထံ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ပရိသတ်တစ်ဦးက တွစ်တာကနေ ဝီရက်ဇ် နဲ့ အီဆက်တို့ခေါ်ယူမှုအပေါ် မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး ဆာလက်က အခုလိုမျိုးပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။
လီဗာပူးဟာ ဒီယက်ဇ် နဲ့ နူနက်ဇ်တို့နေရာမှာ ဝီရက်ဇ် နဲ့ အီဆက်တို့ကို ပြန်လည်အစားထိုးခဲ့တာဖြစ်ပြီး ၂ ဦးစလုံးက ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ နူနက်ဇ်က ပြီးခဲ့တဲ့ရာသီမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီယက်ဇ်က ၁၃ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ “ပရီးမီးယားလိဂ်ချန်ပီယံဟောင်းတွေကို လေးစားမှုမရှိသလိုမလုပ်ပဲ ကောင်းမွန်တဲ့ခေါ်ယူမှုတွေကို အောင်ပွဲခံကြရင်မကောင်းဘူးလား”ဆိုပြီး ဆာလက်က ရေးသားခဲ့ပါတယ်။
လီဗာပူးဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ဘန်လေနဲ့ကစားရမှာဖြစ်ပြီး အီဆက်တစ်ယောက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။