
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲမှုနဲ့ပတ်သက်ပြီး တုံ့ပြန်လာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ပီအက်စ်ဗွီနဲ့ချန်ပီယံလိဂ်ပွဲက အရမ်းခက်ခဲနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အုပ်စုအဆင့် ၈ ပွဲမှာ ၆ ပွဲနိုင်ပြီး ၁ ပွဲသာ အရေးနိမ့်ထားခဲ့ကာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
၁၆ သင်းအဆင့်ရဲ့ခံစစ်အကောင်းဆုံးစံချိန်တင်ထားတဲ့အသင်းနဲ့တွေ့ဆုံမယ့်အနေအထားမှာ အာဆင်နယ်အတွက်တော့ ခက်ခဲဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဘွတ်ကီဒိုင်တွေကတော့ အခုနှစ်ချန်ပီယံလိဂ်ဆုဖလားကို လီဗာပူး ၊ ရီးရဲလ် ၊ ဘာစီလိုနာ နဲ့ အာဆင်နယ်တို့က ဗိုလ်စွဲဖို့ရေပန်းစားနေတယ်လို့ သုံးသပ်ထားကြပါတယ်။
ဆွစ်ဇာလန်မြေက မဲခွဲမှုမှာ အာဆင်နယ်ဟာ ပီအက်စ်ဗွီအသင်းနဲ့တွေ့ဆုံနေပြီး ကွာတားဖိုင်နယ်မှာ အခုထက်ပိုခက်ခဲဖွယ်ရှိနေပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အုပ်စုအဆင့် ၂ ပွဲမှာ ပီအက်စ်ဗွီကို ၂ ကျော့စလုံးရှုံးပွဲမရှိအောင် ကစားထားနိုင်ပါတယ်။
“သူတို့(ပီအက်စ်ဗွီ)က တကယ်ကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့ အဲ့တာကို သိထားပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အတွေ့အကြုံရှိထားပါတယ်။ ခက်ခဲနိုင်တာဖြစ်ပြီး ချန်ပီယံလိဂ်မှာက ဘယ်လိုရလဒ်မဆိုဖြစ်နိုင်ပါတယ်။ ဒီအဆင့်ရောက်လာပြီဆို ခက်ခဲနိုင်တယ်ဆိုတာကို သိထားပါတယ်။ အသင်းတိုင်းက တကယ်ကောင်းကြသလို အဲ့အတွက်လည်း ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်မတိုင်ခင် ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲမဖြစ်မနေရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လက်စတာကို အနိုင်ရပြီးနောက် အာဆင်နယ်ဟာ ၄ ပွဲဆက်နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ “သတင်းအမှန်တွေမဟုတ်ပါဘူး။ တစ်ဦးက ကာလရှည်နားရမှာဖြစ်ပြီး ကျန်တဲ့သူတွေလည်း ပြန်မလာနိုင်သေးပါဘူး။ ဘာသတင်းကောင်းမှမရှိပါဘူး။
ဘင်ဝှိုက်အခြေအနေက အဆင်ပြေပါပြီ။ သူကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။မနက်ဖြန်ပွဲမှာ ပွဲဦးထွက်ပါဝင်လာမလားဆိုတာ မသိရသေးပါဘူး။
ဒါပေမယ့် သေချာတာကတော့ သူအသင်းလူစာရင်းမှာ ပါဝင်လာမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ရဲ့ပြိုင်ဘက် လီဗာပူးအသင်းကတော့ မန်စီးတီးနဲ့ အဝေးကွင်းပွဲကျပ်ကန်ရမှာဖြစ်ပြီး အာဆင်နယ်တို့ အခွင့်အရေးကောင်းကို အသုံးချနိုင်ဖို့ လိုအပ်နေပါတယ်။