The network connection is lost.

Banner Image

ဆွစ်ဇာလန်နဲ့ ပွဲမတိုင်ခင် စိတ်မကောင်းဖြစ်ပြီး စိုးရိမ်မိပါတယ်ဆိုတဲ့ အင်္ဂလန်စတားရဲ့နာမည်ကို ပြောကြားလိုက်တဲ့ မီကာရစ်ချက်စ်

ဘယ်လင်ဂမ်ရဲ့ အံ့မခန်းနောက်ကျချေပဂိုး မတိုင်မီ အင်္ဂလန်ဟာ ပြိုင်ပွဲမှ ထွက်ခွာရန် စက္ကန့်ပိုင်းမျှ ဝေးကွာတော့တာဖြစ်ပါတယ်။

အချိန်ပိုရဲ့ ပထမမိနစ်အတွင်းမှာပဲ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အင်္ဂလန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရစေမယ့်ဂိုးကို သွင်းယူခဲ့တာကာ ယူရိုအိပ်မက်ကို ဆက်လက်ရှင်သန်စေခဲ့ပါတယ်။ ကံမကောင်းစွာပဲ စွမ်းဆောင်ရည်က အဆင်မပြေမှုတွေရှိသော်လည်း ပွဲထွက်လူစာရင်းရှိ ဂယ်လာဂါရဲ့နေရာတွင် ကိုဘီမိုင်နူးကို ပြောင်းလဲလိုက်တဲ့ ဆောက်ဂိတ်ရဲ့ လုပ်ဆောင်ဆောင်မှုက အပြုသဘောဆောင်တဲ့ အချက်ဖြစ်ခဲ့ပါတယ်။ ပွဲထွက်စာရင်းရှိ ဆယ်ကျော်သက် ကစားသမားရဲ့နေရာက ကွင်းလယ်တွဲဖက်ဖြစ်တဲ့ ရိုက်စ်အတွက် အနည်းငယ်အခက်အခဲဖြစ်စေခဲ့ပါတယ်လို့ ရစ်ချက်စ်က ယုံကြည်နေပါတယ်။

The Rest is Football တွင် စလိုဗက်ကီးယားနှင့်ပွဲတွင် မည်သည့်ကစားသမားတွေက သူ့ကို အထင်ကြီးစေသလဲလို့ မေးမြန်းရာတွင် အင်္ဂလန်နောက်ခံလူဟောင်းက "မိုင်နူးက အဆင်ပြေတယ်လို့ ထင်ပါတယ်" "သူ့မှာ ကြောက်စိတ်ဆိုတာ မရှိပါဘူး။ သူက ဘောလုံးကို ရှေ့ကို တွန်းပို့ချင်တာပါ။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ တွေ့ခဲ့ရတဲ့အတိုင်းပါပဲ" "ရိုက်စ်အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်ရပါတယ်။ သူက ကွင်းထဲမှာ တွဲဖက်ကစားဖို့အတွက် ရှာဖွေနေတာပါ" "သူဟာ ကွင်းလယ်မှာ အာနိုးလ်နဲ့ ၂ ပွဲလောက် ကစားခဲ့ပြီး အဲ့ဒီနောက် ဂယ်လာဂါ ပြီးတော့ မိုင်နူးနဲ့ ကစားခဲ့ရတာပါ။ ဒါက သူ့အတွက် ခက်ခဲပါတယ်" "ကျွန်တော်တို့မှာ ရိုက်စ်ရှိမယ် ပြီးရင် ဘယ်လင်ဂမ်ရှိမယ်လို့ လူတိုင်းပြောနေကြပေမယ့် သူတို့ဘာလုပ်ချင်သလဲနဲ့ ဘယ်လိုကစားချင်လဲဆိုတာသိဖို့ အဆက်မပြတ်ဖို့လိုအပ်ပါတယ်" "ဒါကြောင့် ရိုက်စ်အတွက် အကောင်းဆုံးပွဲဆိုတာ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူ့အတွက် မတူညီတဲ့ တွဲဖက်တွေနဲ့ ကစားခဲ့ရတာက ခက်ခဲသွားစေမှာပါ" လို့ ပြောပါတယ်။

မိုင်နူးက စနေနေ့ အင်္ဂလန်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ကစားပွဲမှာ ရိုက်စ်နှင့် အတူ ကွင်းလယ်မှာပွဲထွက်ဖို့ ဆက်ထိန်းထားနိုင်ဖွယ်ရှိနေပြီး ၎င်းတို့နှင့် ရင်ဆိုင်ရမယ့် ကစားသမားများအတွက် ခက်ခဲတဲ့အချိန်တစ်ခုအဖြစ် ရှိနေမှာဖြစ်တယ်လို့ ရစ်ချက်စ်က ယုံကြည်နေပါတယ်။ "ဒါက ခက်ခဲပါတယ်။ နောက်တန်းမှာ သုံးယောက်နဲ့ကစားတဲ့ ဆွစ်ဇာလန်ရဲ့ကစားကွက်ကိုပဲ ကျွန်တော် တွေးနေပါတယ်" "အကန်ဂျီက သူတို့လုပ်သမျှအတွက် အဓိကကျပါတယ်။ ရှဟာက အရမ်းကောင်းပါတယ်။ ပွဲကိုမောင်းနှင်နိုင်အားရှိတဲ့ ဇာခါနှင့် ဖရူလာတို့အတွဲက ကျွန်တော့်ကို အနည်းငယ်စိတ်ပူစေပါတယ်" "ဒါပေမယ့် ဆွစ်ဇာလန်ကို ထိခိုက်စေနိုင်တဲ့ ဧရိယာတွေကို ကြည့်လိုက်ရင် ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်းက သေချာပါတယ်" လို့ သူက ထပ်လောင်းပြောကြားထားပါတယ်။