The network connection is lost.

Banner Image

လူငယ်အဆင့်ဘောလုံးပြိုင်ပွဲတစ်ခုကို ကြီးမှူးကျင်းပမယ့် မက်ဆီ

ဘာစီလိုနာဂန္တဝင်ကစားသမားမက်ဆီက သူကိုယ်တိုင်ကြီးမှူးကျင်းပမယ့် ဘောလုံးပြိုင်ပွဲတစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ကစားသမားဘဝနေဝင်ဆည်းဆာနဲ့ နီးကပ်လာချိန် မက်ဆီက အခွင့်အရေးတိုင်းကို အကောင်းဆုံးအသုံးချဖို့ ကြိုးစားနေပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ စောင့်ဆိုင်းနေချိန်မှာပဲ အာဂျင်တီးနားကြယ်ပွင့်က ကစားသမားဘဝအလွန် စီမံကိန်းများစွာအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နေပါတယ်။ ဒီစီမံကိန်းတွေအနက် တစ်ခုကတော့ လူငယ်ဘောလုံးသမားတွေအတွက် ပြိုင်ပွဲတစ်ခုဖန်တီးပေးဖို့ ဖြစ်ပါတယ်။ လတ်တလောမှာ မက်ဆီက ကမ္ဘာတစ်ဝှမ်းရှိ အသက်-၁၆ နှစ်အောက်အကောင်းဆုံးအသင်းတွေ ပါဝင်ယှဉ်ပြိုင်မဲ့ Messi Cup ပြိုင်ပွဲကို တည်ထောင်လိုက်ပါပြီ။

ဒီသတင်းကို ဘော်လွန်းဒီအော်ရှစ်ကြိမ်ဆုရှင်က အခုသီတင်းပတ်၊ အင်္ဂါနေ့မှာပဲ Instagram လူမှုကွန်ရက်မှတဆင့် အတည်ပြုကြေညာခဲ့ပါတယ်။ မက်ဆီက “ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အကောင်းဆုံးအသင်းတွေနဲ့အတူ လာမယ့်ဒီဇင်ဘာလမှာ မီယာမီဆီ အလွန်ထူးခြားတဲ့လူငယ်ပြိုင်ပွဲတစ်ခု ရောက်ရှိလာလိမ့်မယ်လို့ ပြောချင်ပါတယ်။ 

အဲ့ဒီပြိုင်ပွဲကာလအတွင်း နောက်ထပ်လှုပ်ရှားမှုများစွာလည်း ရှိလာပါလိမ့်မယ်။ ဒီပြိုင်ပွဲကို ခင်ဗျားတို့ကြိုက်နှစ်သက်မယ်လို့ ယူဆပါတယ်။ ဒီသတင်းအချက်အလက်ကို ခင်ဗျားတို့ဆီ ဝေမျှပေးရလို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။လာမယ့်ဒီဇင်ဘာလ၊ မီယာမီမှာ ကမ္ဘာ့ထိပ်တန်းကလပ်အသင်းအချို့ပါဝင်တဲ့ လူငယ်အထူးပြုပြိုင်ပွဲတစ်ခု ကျင်းပသွားပါမယ်။ ပြိုင်ပွဲကာလမှာ ဘောလုံးပွဲစဉ်တွေသာမက အခြားစိတ်လှုပ်ရှားဖွယ်ရာကိစ္စရပ်တွေပါဝင်မယ့် အံ့အားသင့်ဖွယ်နေ့ရက်တွေကိုလည်း စီစဉ်ပေးထားပါတယ်။ ဒါက လာမယ့်မျိုးဆက်အတွက် ဖြစ်ပါတယ်။ ခင်ဗျားတို့ ပျော်ရွှင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒါ Messi Cup ပါ”လို့ ပြောပါတယ်။ ဒီပြိုင်ပွဲကို ဖလော်ရီဒါပြည်နယ်မှာ ကျင်းပသွားပါလိမ့်မယ်။