The network connection is lost.

Banner Image

ပီအက်စ်ဂျီထံကနေ ယူရိုသန်း ၁၀၀ တောင်းဆိုနေတဲ့ အမ်ဘာပေ

ပြင်သစ်သတင်းဌာန L’Equipe ရဲ့အဆိုအရ ပီအက်စ်ဂျီဟာ ဘာပေရဲ့လုပ်ခလစာတွေဖြစ်တဲ့ ဧပြီလ ၊ မေလ နဲ့ အခုဇွန်လအထိ မပေးချေရသေးဘူးလို့ သိရပါတယ်။ ဘာပေရဲ့စာချုပ်သက်တမ်းက ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး အဆိုပါရက်မတိုင်ခင် အခြေအနေတွေကိုဖြေရှင်းချင်နေပါတယ်။

ပီအက်စ်ဂျီနဲ့ ဘာပေတို့ကြား ၂၀၂၃ - ၂၄ ရာသီအစမှာ တင်းမာမှုတွေရှိခဲ့တာဖြစ်ပြီး စီနီယာအသင်းလူစာရင်းကနေပါ ဖယ်ရှားခံရတဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ပြင်သစ်သားဟာ ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ကာ ကျန်နေတဲ့လုပ်ခလစာ ယူရိုသန်း ၁၀၀ ကို တောင်းဆိုထားတာဖြစ်ပါတယ်။

ဘာပေကတော့ လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ယူရို ၂၀၂၄ မှာ ပါဝင်နေပြီး သြစတြီးယားနဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှာခေါင်းရိုးကျိုးခဲ့တာကြောင့် နယ်သာလန်ကို ဝ-၀ သရေကျခဲ့တဲ့ပွဲကိုတော့ မပါဝင်ခဲ့တာဖြစ်ပါတယ်။