The network connection is lost.

Banner Image

ယူနိုက်တက်သို့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလိုက်တဲ့ မက်သီးယက်စ်ကွန်ဟာ

ယူနိုက်တက်နဲ့ ချိတ်ဆက်နေတဲ့ မက်သီးယက်စ်ကွန်ဟာက ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့မလားလို့ မေးတဲ့အခါ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

အန်တိုနီမာရှယ် ထွက်ခွာသွားပြီးနောက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ပေါင်သန်း ၆၀ (ယူရို ၇၁ သန်း၊ ဒေါ်လာ ၇၆ သန်း) ပေးချေရဖွယ်ရှိတဲ့ ဝုဗ်တိုက်စစ်မှူး ကွန်ဟာကို ခေါ်ယူရန် ယူနိုက်တက်က အပြင်းအထန် ချိတ်ဆက်လျက်ရှိပါတယ်။

လာမယ့် ကိုပါအမေရိက ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ဖို့ အမေရိကန်မှာ ရှိနေခဲ့တဲ့ ဘရာဇီးသားဟာ မကြာသေးခင်ကမှ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ပြောကြားခဲ့သလို သူ့ရဲ့ နာမည်က ယူနိုက်တက်လို အသင်းကြီးတွေနဲ့ ချိတ်ဆက်နေတာ တွေ့ရတာ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး သူ့ရဲ့သူငယ်ချင်းတွေထဲကတစ်ယောက်နဲ့ စကားပြောဆိုရာမှာ အသက် ၂၅ နှစ်အရွယ်ကစားသမားက "ကိုယ့်ရဲ့နာမည်ကို ယူနိုက်တက်နဲ့ ချိတ်ဆက်ခွင့်ရတာ ဂုဏ်ယူမိတယ်ဆိုတာ သိပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲက တစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တကယ်ပဲ ဝုလ်ဗာဟမ်တန်မှာပျော်ရွင်နေပါတယ်။ ကံကောင်းရင် ကျွန်တော် နောက်ထပ် ရာသီကောင်းတစ်ခု ကစားနိုင်မှာပါ။ ဒါပေမဲ့အပြောင်းရွှေ့က ဖွင့်နေတုန်းဖြစ်တာကြောင့် ဘာတွေဖြစ်မလာမလဲဆိုတာ မသိသေးပါဘူး" လို့ ပြောပါတယ်။

တိုက်စစ်မှူးအတွက် နောက်ထပ်ပွဲတွေကတော့ ကယ်လီဖိုးနီးယားရှိ SoFi Stadium တွင် ဇွန် ၂၅ရက်နေ့မှာ ကော်စတာရီကာနှင့် စတင်ကစားမယ့် ကိုပါအမေရိကပြိုင်ပွဲပဲဖြစ်ပါတယ်။