The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်က အန်းဒရစ်ကို အငှားဖြင့်ခေါ်ယူရန် ချဉ်းကပ်ခဲ့တဲ့ မာဆေးလ်

RMC Sport သတင်းထောက် ဟောကင်းစ်ရဲ့ ဖော်ပြချက်အရ မာဆေးလ်ရဲ့ အားကစားဒါရိုက်တာ ဘီနာတီယာက ဆောင်းရာသီ ဈေးကွက်အတွင်းမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး အန်းဒရစ်အား အငှားခေါ်ယူဖို့အတွက် ကစားသမားရဲ့ကိုယ်စားလှယ်နဲ့ ဆွေးနွေးရန် ဆက်သွယ်ခဲ့ပါတယ်။

မာဆေးလ်ရဲ့ဒါရိုက်တာက ရီးရဲလ်မက်ဒရစ်သို့လည်း ဆက်သွယ်ခဲ့သော်လည်း လက်မခံကြောင်း သိရှိခဲ့ရပါတယ်။ ဘရာဇီးလူငယ်ကစားသမားဟာ နွေရာသီတွင် ရောက်ရှိလာပြီးနောက် စပိန်အသင်းကြီးအတွက် ပြိုင်ပွဲစုံ ၂၂ ကြိမ် ကစားထားပြီး သွင်းဂိုး ၅ ဂိုးနှင့် ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

သို့သော် အန်းဒရစ် အတွက် စပိန်မြို့တော်တွင် ပွဲထွက်ကစားခွင့်က ရှားပါးခဲ့တာပါ။ မနေ့ညက လူငယ်ကစားသမားဟာ လီဂါနက်စ်အား ၃-၂ ဂိုးဖြင့်အနိုင်ရခဲ့တဲ့ ကိုပါဒဲရေးကွာတားဖိုင်နယ်ပွဲတွင် စတင်ကစားခဲ့ပြီး သူ့ရဲ့ တတိယမြောက် ပွဲထွက်ကစားခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲထွက်ကစားခဲ့ရတဲ့ ပွဲတွေကတော့ လိုင်လီ နှင့် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးပွဲနှင့် ဒီပိုတီးပို့အားအနိုင်ရခဲ့တဲ့ ကိုပါဒဲရေး ပွဲတို့ပဲဖြစ်ပါတယ်။