The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖိုင်နယ်ဖိအားကို ပီအက်စ်ဂျီ ရင်ဆိုင်နိုင်မယ်လို့ မာကွင်ဟို့စ် ယုံကြည်မှုရှိ

ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟို့စ်က မြူးနစ်မြို့ရှိ Allianz Arena မှာ အင်တာမီလန် နဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ရဲ့ ကြီးမားတဲ့ဖိအားကို အသင်းက ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။  ဘရာဇီးနောက်ခံလူက ပီအက်စ်ဂျီ အနေနဲ့ အတိတ်က စိတ်ပျက်စရာတွေကနေ သင်ခန်းစာယူထားပြီး ဆုဖလားကို နောက်ဆုံးမှာ ရယူနိုင်ဖို့ သမိုင်းဝင်အခွင့်အရေးတစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မာကွင်ဟို့စ်က "ဒီလိုပွဲမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘာတွေလုပ်ရမလဲဆိုတာကို အချိန်ကြာလာတာနဲ့အမျှ ကလပ်အသင်းက သင်ယူခဲ့ပါတယ်။ ကျွန်တော် ပီအက်စ်ဂျီကိုရောက်လာကတည်းက အများကြီးပြောင်းလဲသွားခဲ့ပါတယ်။ ကောင်းတဲ့အချိန်တွေလည်းရှိခဲ့သလို ခက်ခဲတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကလပ်အသင်းအတွက် ထူးခြားပြီး သမိုင်းဝင်တဲ့အရာတစ်ခုကို လုပ်ဆောင်ဖို့ အခွင့်အရေးကောင်းတစ်ခု ရှိပါတယ်"လို့ ပြောခဲ့ပါတယ်။

ဒီပွဲစဉ်ဟာ PSG ရဲ့ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ရှိမှုဖြစ်ပြီး ၂၀၂၀ ခုနှစ်က လစ္စဘွန်းမြို့မှာ ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဖိုင်နယ်ပွဲအပြီး (၅) နှစ်အကြာမှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် မာကွင်ဟို့စ်ဟာ ၂၀၂၀ ဖိုင်နယ်အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားနှစ်ဦးထဲက တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးကတော့ အရန်ကစားသမား နောက်ခံလူ ကင်မ်ပန်ဘီ ဖြစ်ပါတယ်။ မာကွင်ဟို့စ်က လက်ရှိနည်းပြ လူးဝစ် အင်းနရစ်ကို အသင်းအတွက် ထိထိရောက်ရောက်ပြင်ဆင်ပေးခဲ့တဲ့အတွက် ချီးကျူးခဲ့ပါတယ်။ 

"ကျွန်တော်တို့မှာ ထူးခြားတဲ့နည်းပြတစ်ဦးရှိပြီး သူက ကျွန်တော်တို့ကို အရမ်းကောင်းကောင်းပြင်ဆင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်းငယ်တဲ့အသင်းဖြစ်နေရင်တောင် ဒီလိုပွဲတွေအတွက် ဘယ်လောက်အသင့်ဖြစ်နေလဲဆိုတာကို ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးအခြေအနေနဲ့ ဒီကိုရောက်လာအောင် ပေါင်းစပ်ပြီး လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးရဲ့ ပေါင်းစပ်မှုလို့ ထင်ပါတယ်။ ကလပ်အသင်း ကြီးထွားလာခဲ့တယ်။ ကျွန်တော်တို့မှာ ထူးခြားတဲ့နည်းပြရှိတယ်၊ အရည်အချင်းရှိတဲ့ ကစားသမားတွေ ရောက်လာခဲ့တယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ဒီမှာ ရှိနေတာလို့ ထင်ပါတယ်"လို့ မာကွင်ဟို့စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ပြည်တွင်းလိဂ်နဲ့ ပြင်သစ်ရှံးထွက်ဖလား နှစ်ခုလုံးကို ရရှိခဲ့ပြီးနောက် ဖလားသုံးလုံး မျှော်လင့်ချက်အတွက် မြူးနစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။