၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ ဇန်နဝါရီဈေးကွက်နှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ မာရက်စ်ကာ
ခရစ္စတယ်ပဲလေ့စ်နှင့် သရေကျခဲ့ပြီးနောက် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ သူ့အနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်နိုင်ကြောင်း ချဲလ်ဆီးအသင်းနည်းပြ အန်ဇိုမာရက်စကာက ပြောကြားလိုက်ပါတယ်။
ကိုးလ်ပါလ်မာရဲ့ဂိုးကို မက်တီတာက ပြန်လည်ချေပခဲ့ပြီးနောက် ချဲလ်ဆီးဟာ ပဲလေ့စ်နှင့်သရေကျခဲ့ဖြစ်ပြီး အင်းဆွစ်၊ ဖူလ်ဟမ်တို့နှင့် ကစားခဲ့တဲ့ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မာရက်စကာဟာ ခံစစ်တွင် လိုအပ်ချက်များ ရှိနေပြီး ဖိုဖာနာက ရာသီကုန်အထိ နားရနိုင်တာဖြစ်သလို နောက်ထပ်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ ဘက်ဒီယာရှိုင်းကလည်း တံကောက်ကြောဒဏ်ရာကြောင့် နားနေရတာဖြစ်ပါတယ်။
နောက်တန်းတွင် ရွေးချယ်စရာမရှိနေတဲ့ အီတလီသားဟာ လူငယ်ကစားသမားလေး အက်ချန်ပေါင်ကိုခေါ်ယူထားကာ ကိုဝဲလ်နှင့် တွဲဖက်ပေးထားပြီး အသက် ၁၈နှစ်အရွယ် ကစားသမားက ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ ဖိုဖာနာနှင့် ဘက်ဒီယာရှိုင်းတို့ရဲ့ ပြန်ကစားနိုင်မယ့် ရက်ကိုမသိသေးတာကြောင့် အင်အားဖြည့်တင်းဖို့အတွက် ဇန်နဝါရီဈေးကွက်သို့ ဝင်ရောက်ရန် လိုအပ်နေသေးကြောင်း နည်းပြက ပြောကြားခဲ့ပါတယ်။
ပဲလေ့စ်နဲ့ပွဲအပြီးမှာတော့ နည်းပြက "ဂျို့ချ်က ခြေစွမ်းပြသထားတာကြောင့် ကစားသမားတွေဝယ်ဖို့ ဒါမှမဟုတ် ကစားသမားရောင်းဖို့ မဆုံးဖြတ်ထားဘူးဆိုရင်တောင် လုံလောက်နေပြီဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ ဖိုဖာနာ နဲ့ ဘက်ဒီယာရှိုင်းတို့က ဒဏ်ရာကြောင့် တစ်ခုခုဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါ" လို့ ပြောပါတယ်။
အက်ချန်ပေါင်နှင့်ပတ်သက်ပြီး မာရက်စ်ကာက "သေချာပါတယ် သူက အသက်အရွယ်အရ အကောင်းဆုံးကစားသမားပါ။ ဒါဟာ သူ့ရဲ့ပထမဆုံးပွဲပါ။ ကျွန်တော့်အတွက်ကတော့ သူက ဒီကလပ်အတွက် ထိပ်တန်းကစားသမားဖြစ်နိုင်ပေမယ့် မှန်ကန်တဲ့လမ်းကြောင်းကို လိုအပ်နေပါတယ်။ လူငယ်ကစားသမားတွေအတွက်၊ ဘယ်အခိုက်အတန့်ကို ဆုံးဖြတ်ဖို့လိုပါတယ်" လို့ ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဗဟိုနောက်တန်းမှာကစားနိုင်တဲ့ ကစားသမား ၃ ဦးအပါအဝင် ခေါ်ယူရန်အတွက် ပေါင်သန်း ၂၀၀ နီးပါးသုံးစွဲခဲ့ပြီး ဘဏ္ဍာရေးမျှတ စည်းမျဉ်းများကြားတွင် လုပ်ဆောင်နိုင်တဲ့ သဘောတူညီချက်များတွင် အကန့်အသတ်ရှိနိုင်ပါတယ်။ ကလပ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဆက်ရှိနေရန်သေချာစေရန်အလို့ငှာ စိတ်ဓာတ်ကျနေသော်လည်း ယခုအခါတွင် လက်ကျန် ၂ ပွဲရှိနေတဲ့ ထိပ်ဆုံးမှ လီဗာပူးနှင့် ၉ မှတ်ကွာနေပါတယ်။
နည်းပြမာရက်စ်ကာက ဆဲလ်ဟက်ပါ့ခ်တွင် ပဲလေ့စ်ရဲ့ သရေဂိုးကို ခွင့်ပြုပြီးနောက် ပွဲကိုဖြတ်တောက်ရာတွင် ပိုမိုကောင်းမွန်ရန် လိုအပ်ကြောင်း အသင်းအား သတိပေးခဲ့ပါတယ်လို့ ပဲလေ့စ်နှင့်ပွဲအပြီးတွင် တောင်ပံကစားသမား ဆန်ချိုက ပြောကြားခဲ့ပါတယ်။ မာရက်စ်ကာက သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ "ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေကြားမှာ ပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် သေချာကြည့်ဖို့လိုပါတယ် မဟုတ်ရင် ပွဲက အမြဲတမ်း ဖွင့်ကစားနေရမှာပါ။ ဒီနေ့ အကြောင်းပြချက်ကို ဆုံးဖြတ်ရမယ်ဆိုရင် ကျွန်တော်တို့က ဒီပွဲကို မနိုင်ခဲ့ပါဘူး။ ၂-၀ ဂိုးနဲ့ ပြီးသွားနိုင်ခဲ့လို့ ပွဲကို အဆုံးသတ်ဖို့ အခွင့်အရေးရတဲ့အခါ ကြိုးစားရမှာပါ" လို့ ပြောပါတယ်။