The network connection is lost.

Banner Image

သူတို့စတားနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဘရိုက်တန်အမှုဆောင် တိုနီ

ဘရိုက်တန်အမှုဆောင် တိုနီက မိမိတို့အနေနဲ့ နွေရာသီအတွင်းမှာ ဘာလီဘာကိုမရနိုင်ကြောင်း ပြောကြားလိုက်ချိန်မှာ ယူနိုက်တက်ဟာ အဝေးကိုထွက်ခွာသွားတယ်လို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ထိပ်တန်းကွင်းလယ်လူအဖြစ် ဘာလီဘာကို ပစ်မှတ်ထားခဲ့သလို အာမိုရင်ရဲ့ ၃-၄-၃ နည်းစနစ်အတွက် ခေါ်ယူပေးချင်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လအစောပိုင်းတုန်းက ယူနိုက်တက်ဟာ ဘာလီဘာကို ချဉ်းကပ်ခဲ့ပေမယ့် ဘရိုက်တန်ဘက်က ပေါင်သန်း ၁၀၀ တောင်းဆိုလိုက်တာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ ယူနိုက်တာဝန်ရှိသူတွေဟာ ဘာလီဘာကို ပေါင်သန်း ၇၀ လောက်သာပေးချေချင်ခဲ့ပြီး ရလဒ်အရ စိတ်ဝင်စားမှုမှာတင် အဆုံးသတ်ခဲ့ပါတယ်။ အဲ့နောက် ကွင်းလယ်အစား တိုက်စစ်ပိုင်းအတွက် ဆက်စ်ကို နဲ့ လန်းမန်းတို့ကိုသာ အစားထိုးဖို့ခေါ်ယူခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ ဘာလီဘာကိုခေါ်ယူပေးစေချင်နေပေမယ့် ခက်ခဲနိုင်တာဖြစ်ပါတယ်။ The Argus နဲ့အင်တာဗျူးမှာ တိုနီက “ဘာလီဘာအပြောင်းအရွှေ့စွန့်စားခန်းလို့ မထင်ပါဘူး။ ယူနိုက်တက်က စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော်တို့ နွေရာသီအတွင်းမှာ မရောင်းချနိုင်ဘူးပြောတော့ သူတို့ထွက်သွားခဲ့ပါတယ်။

အတိတ်ကာလတုန်းက အဲ့ထက်ပိုကြီးတဲ့ဝတ္ထုတွေရှိခဲ့ပါတယ်။ သူ့တိုးတက်လာမှုက အံ့မခန်းပါပဲ။ သူက ဒီအသင်းရဲ့တကယ့်အရေးပါတဲ့ကစားသမားပါ။ ကျွန်တော်တို့နဲ့အတူ သူဒီရာသီမှာဆက်ရှိနေတာကို ဝမ်းသာမိပါတယ်”လို့ တိုနီက ဖြေကြားခဲ့ပါတယ်။ ဘာလီဘာရဲ့အသင်းဖော် မီတိုမာကိုလည်း အသင်းတော်တော်များများက စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ အယ်လ်နာဆာအပြင် အာဆင်နယ် ၊ ဘိုင်ယန်တို့က ဂျပန်သားကို စိတ်ဝင်စားခဲ့ပါတယ်။

“ဇန်နဝါရီတုန်းက မီတိုမာကို စိတ်ဝင်စားတဲ့အသင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ အသင်းအတွက်အပြည့်အဝအာရုံစိုက်ခဲ့ပါတယ်။ နောက်ထပ်အရေးပါတဲ့ကစားသမားပါ။ နောက်တစ်ကြိမ်ထပ်ပြောရရင် သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားပါ။ ဘာလို့လဲဆိုတော့ အခြေအနေအရ အကောင်းဆုံးကစားသမားအချို့ကိုရောင်းထုတ်ရနိုင်ချေရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် အဲ့တာက ဘယ်အချိန်လည်းဆိုတာမသိနိုင်ပါဘူး။ ကျွန်တော်တို့ တစ်ချိန်တည်းမှာ ကစားသမားအများကြီးမရောင်းချချင်ပါဘူး။  ကျွန်တော်တို့ ကစားသမားအဝင်သေချာအောင်လုပ်ဆောင်ပါတယ်။
ယခင်ရာသီတွေတုန်းက ကျွန်တော်တို့ကစားသမားအဝင်မရှိခဲ့ပါဘူး။ အဲ့တာက ဒီအခြေအနေအတွက် အကူအညီဖြစ်စေပါတယ်။

ပြိုင်ပွဲတွေက ပြင်းထန်လာတာကြောင့် အသင်းမှာ ကစားသမားကောင်းတွေ လိုအပ်လာပါတယ်။ မန်စီးတီး ၊ လီဗာပူး ၊ မက်ဒရစ် ၊ ပီအက်စ်ဂျီတို့အပြင် အသင်းတိုင်းက ကစားသမားကောင်းတွေခေါ်ယူကြပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် သေချာလေးပြင်ဆင်ရပါမယ်။ အဲ့လိုပြင်ဆင်ထားမှလည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ အဆင်ပြေနိုင်မှာပါ”လို့ တိုနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။