
လာမယ့် ၂၀၂၈ မှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်
ယူနိုက်တက်တာဝန်ရှိသူတွေကတော့ လာမယ့် ၂၀၂၈ မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ယူနိုက်တက်အမှုဆောင် ဘာရာဒါကတော့ အသင်းဒုဥက္ကဌ ဆာဂျင်မီဟာ ယူနိုက်တက်ရဲ့နှစ် ၁၅၀ ပြည့်နှစ်ပတ်လည်နေ့ဖြစ်တဲ့ ၂၀၂၈ မှာ အိုးထရက်ဖို့ဒ်ထံ ပရီးမီးယားလိဂ်ချန်ပီယံဆုယူဆောင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဒါပေမယ့် အာမိုရင်ရဲ့အသင်းမှာက အတွင်းပိုင်းပြဿနာတွေရှိနေတာကြောင့် ရုန်းကန်ရဖို့တော့များနေပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလားမရတော့တာဖြစ်ပြီး တန်ဟက်ကို ထုတ်ပယ်ပြီးနောက် အာမိုရင်နဲ့အတူ ပေါင်သန်းပေါင်းများစွာအသုံးပြုထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ယူနိုက်တက်ဟာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး နွေရာသီမှာလည်း လူအင်အားထပ်မံအားဖြည့်ရဖို့များနေပါတယ်။
အခုအခြေအနေအတိုင်းဆိုရင် ယူနိုက်တက်အနေနဲ့ လာမယ့်နှစ်တွေမှာ ချန်ပီယံဆုရယူနိုင်ချေနည်းပါးနေတာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ချင်တယ်ဆိုရင် ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ လိုအပ်နေပါတယ်။ လက်ရှိယူရိုပါလိဂ်ပထမအကျော့ပွဲစဉ်မှာတော့ ဆိုစီဒက်ကို ၁-၁ သရေကျထားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ မဟာပြိုင်ဘက်ဟောင်း အာဆင်နယ်နဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။