The network connection is lost.

Banner Image

အမ်ဘွေမိုအတွက် ယူနိုက်တက်အသင်းရဲ့ ပေါင် ၆၂.၅ သန်း ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ် ပယ်ချ

ယူနိုက်တက်အသင်းက ဘရိုင်ယန်အမ်ဘွေမိုအတွက် ပေါင် ၆၂.၅ သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့တာကို ဘရန့်ဖို့ဒ်အသင်းက ပယ်ချလိုက်ပါတယ်။ လန်ဒန်အခြေစိုက် ဘရန့်ဖို့ဒ်အသင်းဟာ ကစားသမားရဲ့ တန်ဖိုးအပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။

ယူနိုက်တက်ရဲ့ အသက် ၂၅ နှစ်အရွယ် ကင်မရွန်းလက်ရွေးစင်အတွက် နောက်ဆုံးကမ်းလှမ်းမှုက ပေါင် ၅၅ သန်း အပြောင်းအရွှေ့ကြေးနဲ့ ပေါင် ၇.၅ သန်း ထပ်ဆောင်းကြေးတွေ ပါဝင်ပါတယ်။ ဒါဟာ ဒီလအစောပိုင်းက ပေါင် ၄၅ သန်းနဲ့ ပေါင် ၁၀ သန်း ထပ်ဆောင်းကြေးတွေ ပါဝင်တဲ့ ကနဦးကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ်က ပယ်ချခဲ့ပြီးနောက် ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၂၄-၂၅ ရာသီမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက် ဂိုးသွင်းနိုင်စွမ်း ပိုကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဝုဗ်အသင်းကနေ တိုက်စစ်မှူး မာသီယပ်စ်ကွန်ညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူပြီးဖြစ်ပါတယ်။သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဘရန့်ဖို့ဒ်အသင်းက ကွန်ညာအတွက် ဝုဖ်အသင်းရရှိခဲ့တဲ့ တူညီတဲ့ပြောင်းရွှေ့ကြေးကို တောင်းဆိုနေပါတယ်။ 

အမ်ဘွေမိုဟာ အသင်းနဲ့စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့တာဖြစ်ပြီး (၂၀၂၆ ခုနှစ် ဇွန်လအထိ) တစ်နှစ် သက်တမ်းတိုးမြှင့်နိုင်တဲ့ ရွေးချယ်ခွင့်လည်းရှိပါတယ်။