The network connection is lost.

Banner Image

အမ်ဘွေမိုကိုခေါ်ယူဖို့ နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းမှုပြုလုပ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ ပထမအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာ ပယ်ချခံခဲ့ရပြီးနောက် ယခုအခါမှာတော့ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက ယူနိုက်တက်ဟာ အမ်ဘွေမိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာတော့ ကစားသမားရဲ့ခြေစွမ်းပိုင်းတိုးတက်မှုတွေကြောင့် ကမ်းလှမ်းမှုတွေစတင်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ အိုးလ်ထရက်ဖို့ဒ်အသင်းဟာ ယခုတစ်ပတ်အစောပိုင်းက အမ်ဘွေမိုအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း+အပိုဆုကြေးပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းမှုစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဘရန့်ဖို့ဒ်ဘက်က လက်မခံဘဲ ပယ်ချခဲ့တယ်လို့သိရပါတယ်။ ယခုအခါမှာတော့ The Mirror သတင်းဌာနက ယူနိုက်တက်ဟာ အသက်-၂၅ နှစ်အရွယ်ကစားသမားအတွက် နောက်ဆုံးကမ်းလှမ်းချက်အနေနဲ့ ပေါင် ၅၅ သန်း+အပိုဆုကြေး ၅ သန်း ပေးချေသွားမယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အမ်ဘွေမိုဟာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိရယူခဲ့ပြီး မိုဟာမက်ဆာလက်၊ အာလင်းဟာလန်းနဲ့ အလက်ဇန်းဒါးအီဆက်တို့နောက် လိဂ်ရဲ့ စတုတ္ထဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ကမ်းလှမ်းချက်ကို ဘရန့်ဖို့ဒ်ဘက်က လက်ခံသွားမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး တကယ်လို့ ထပ်မံပယ်ချခဲ့ပါက ကစားသမားကိုခေါ်ယူဖို့ လက်လျှော့သွားချေရှိပါတယ်။