The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်ကြယ်ပွင့် အမ်ဘွေမိုကို ကြေးမြှင့်ပြီး ကမ်းလှမ်းလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ကအပြိုင်လိုက်နေတဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကို အမိအရခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတာကြောင့် ယခုအခါမှာတော့ ကြေးမြှင့်တင်ပြီး ကမ်းလှမ်းမှုထပ်မံပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။ 

 TalkSPORT သတင်းဌာနက ယူနိုက်တက်ဟာ တောင်ပံကစားသမားအတွက် ပေါင်သန်း ၆၀ တန်ကြေးရှိကမ်းလှမ်းမှုတစ်ခုကို ထပ်မံပြုလုပ်လာခဲ့တယ်လို့သိရပြီး ယခုတစ်ပတ်အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေကို အပြီးသတ်လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ တစ်ဖက်မှာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ကလည်း အမ်ဘွေမိုကို ခေါ်ယူဖို့ကြိုးစားနေပေမယ့် ကစားသမားက အိုးလ်ထရက်ဖို့ဒ်သို့သာပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

အမ်ဘွေမိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် ယခုနွေရာသီမှာ အသင်းကနေထွက်ခွာဖို့သာ ပြင်ဆင်ထားတာဖြစ်ပါတယ်။ အမ်ဘွေမိုကို စိတ်ဝင်စားနေတဲ့ တော့တင်ဟမ်အနေနဲ့ ကစားသမားကိုခေါ်ယူနိုင်ခဲ့ခြင်းမရှိပါက ခရစ္စတယ်ပဲလေ့စ်တောင်ပံကြယ်ပွင့် အီဘရီချီအီဇီကိုသာ ခေါ်ယူဖို့ကြိုးစားသွားနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ 

အမ်ဘွေမိုဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့ပေမယ့် အသင်းဘက် ကစားသမားရဲ့တန်ကြေးကို မြင့်မြင့်မားမားတောင်းဆိုနေတယ်လို့သိရပါတယ်။ ဘရန့်ဖို့ဒ်ဟာ ကင်မရွန်းလက်ရွေးစင်ကို ၂၀၁၉ ခုနှစ်မှာ ထရွိုင်ရက်စ်မှ ပေါင် ၆ သန်းခဲ့သာခေါ်ယူခဲ့တာဖြစ်ပေမယ့် ထိုစဉ်က ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။

ကစားသမားက အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လိုနေပေမယ့် ယူနိုက်တက်ရဲ့ လက်ရှိကမ်းလှမ်းချက်ကို ဘရန့်ဖို့ဒ်အနေနဲ့ သဘောတူညီသွားမလားဆိုတာကတော့ ယခုတစ်ပတ်အတွင်း စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။