
ဘရိုက်တန် နောက်ခံလူ အက်စ်တူပီနန်အတွက် အေစီမီလန်နှင့် အပြိုင်ကြိုးပမ်းနေတဲ့ ယူနိုက်တက်
ယူနိုက်တက်ဟာ ဘရိုက်တန် နောက်ခံလူ ပါဗစ် အက်စ်တူပီနန်အတွက် ဆွေးနွေးမှုများ စတင်လိုက်ပြီဖြစ်ပါတယ်။ အီကွေဒေါ လက်ရွေးစင် ကစားသမားဟာ ၂၀၂၂ ခုနှစ်တွင် ဗီလာရီးရဲလ် မှ ရောက်ရှိလာကတည်းက ဘရိုက်တန်အတွက် ခြေစွမ်းပြခဲ့ပါတယ်။ အက်စ်တူပီနန်ရဲ့ လက်ရှိစာချုပ် သက်တမ်းမှာ နှစ်နှစ်ပင် မပြည့်သေးကြောင်းနှင့် talkSPORT က ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူရန် ဘရိုက်တန်နှင့် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
အေစီမီလန်ကလည်း စိတ်ဝင်စားနေပြီး အဆိုပါ ကလပ်ကြီးနှစ်သင်းစလုံးဟာ ဘယ်နောက်ခံလူအသစ် လိုအပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်တွင် လုခ်ရှော ရဲ့ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ပြီး မီလန်ကလည်း သီအို ဟာနန်ဒက်ဇ် ကို အယ်လ်ဟီလာလ် သို့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။