The network connection is lost.

Banner Image

ပြင်သစ်ဖလားအောင်ပွဲက ချန်ပီယံလိဂ် ဖိုင်နယ်အတွက် အကောင်းဆုံး ပြင်ဆင်မှု ဖြစ်တယ်လို့ပြောကြားလိုက်တဲ့ အင်းနရစ်

ပီအက်စ်ဂျီရဲ့ ပြင်သစ်ဖလား ရရှိပြီးနောက် လာမယ့် ချန်ပီယံလိဂ် ဖိုင်နယ်အတွက် အကောင်းဆုံးပုံစံဖြင့် ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်တာကြောင့် နည်းပြ လူဝစ် အင်းနရစ်က သဘောကျနေပါတယ်။ ကလပ်ရဲ့ ပထမဆုံးနှင့် နှစ်ရှည်လများ လိုချင်တောင့်တခဲ့သော ဥရောပဖလားကို ဆွတ်ခူးရန် အင်တာနှင့် ရင်ဆိုင်ရမယ့် ပွဲမတိုင်မီ တစ်ပတ်ခန့်အလိုတွင် ပီအက်စ်ဂျီဟာ ရိမ်းစ်ကို ၃-၀ ဂိုးဖြင့် အသာစီးရယူကာ အလွယ်တကူ အနိုင်ယူခဲ့ပါတယ်။

ထိုပွဲစဉ်တွင် ပီအက်စ်ဂျီဟာ ဂိုးအားလုံးကို ပထမပိုင်း၌ သွင်းယူခဲ့ပြီး ဘရက်ဒလေ ဘာကိုလာက နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် အက်ရှရက်ဖ် ဟာကီမီက တစ်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီက ချန်ပီယံလိဂ် ဖိုင်နယ်ကို ဦးတည်ကာ သမိုင်းဝင် ဆုဖလားသုံးလုံး ရယူရန် မျှော်လင့်ချက်ဖြင့် မြူးနစ်သို့ ဦးတည်တော့မည်ကို ဆိုလိုနေတာပါ။

"အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့ မေလ ၃၁ ရက်နေ့မှာ ကစားမယ့် ဖိုင်နယ်ပွဲအတွက် အကောင်းဆုံး နည်းလမ်းနဲ့ ပြင်ဆင်ခဲ့ပါတယ်" လို့ လူဝစ် အင်းနရစ်က BeIN Sports သို့ ပြောကြားခဲ့ပါတယ်။ "ချန်ပီယံလိဂ်ဖိုင်နယ်က အရေးကြီးပါတယ်။ ကျွန်တော်တို့ သမိုင်းမှတ်တိုင် တင်ချင်ပါတယ်။ ကျွန်တော်တို့ အဆင်သင့်ပါပဲ။ ကျွန်တော်တို့ဟာ အမှန်တကယ် အသင်းတစ်သင်းဖြစ်ပြီး ဆုဖလားတွေ ရချင်ပါတယ်"

"ချန်ပီယံလိဂ် ဖိုင်နယ်ဟာ လူတိုင်းအတွက် ထူးခြားတဲ့ အခိုက်အတန့် ဖြစ်လာမှာပါ။ သီးသန့် ပြင်ဆင်စရာ မရှိပါဘူး" "ကျွန်တော်တို့ ဖိအားများစွာကို ကိုင်တွယ်ရမှာ ဖြစ်ပေမယ့် အကောင်းဆုံး နည်းလမ်းနဲ့ ပြင်ဆင်ရမှာပါ။ အသင်းပတ်ဝန်းကျင်က အရာအားလုံးကို စီမံခန့်ခွဲဖို့ဆိုတာ မလွယ်ပါဘူး" လို့ သူက ပြောပါတယ်။

ပီအက်စ်ဂျီ အတွက် ရိုးရှင်းသော အနိုင်ပွဲ ဖြစ်ခဲ့ပြီး အကြိမ်၂၀ အထိ ဂိုးသွင်းရန် ကြိုးပမ်းခဲ့ကာ ရိမ်းစ်ရဲ့ 0.14 xG နှင့် နှိုင်းယှဉ်ပါက 2.84 xG အထိ ရရှိခဲ့ပါတယ်။ လူဝစ် အင်းနရစ်က ကလပ်တွင် သူ့ရဲ့ ဒုတိယမြောက် ရာသီ၌ ပြည်တွင်းဖလားသုံးလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါကာလအတွင်း ပီအက်စ်ဂျီဟာ ယခင်ကလို ကြယ်ပွင့်ကစားသမားများဖြင့် ပြည့်နှက်နေတဲ့ အသင်းများမှ ကွဲထွက်ကာ ပြောင်းလဲလာခဲ့ပြီး ယင်းနည်းဗျူဟာဟာ အသင်းရဲ့ အဓိကပန်းတိုင်သို့ ရောက်ရှိစေနိုင်ဖွယ်ရှိနေပါတယ်။

"ကျွန်တော်တို့ဟာ ငယ်ရွယ်တဲ့ကစားသမားတွေနဲ့ စုဖွဲထားတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် အတွေ့အကြုံရှိပြီး ကွင်းထဲမှာ ဘာလုပ်ချင်လဲဆိုတာ သိလိုစိတ် ပြင်းပြပါတယ်" "ချန်ပီယံလိဂ်ကို အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ လူဝစ် အင်းနရစ်က ပြောကြားခဲ့ပါတယ်။

လူဝစ် အင်းနရစ်က ယခုအခါ ပက် ဂွါဒီယိုလာနောက် ဒုတိယမြောက် နည်းပြအဖြစ် လိဂ်ဖလား၊ အဓိက ပြည်တွင်းဖလားနှင့် ဥရောပဖလား / ချန်ပီယံလိဂ် ဖလား သုံးလုံးကို ကလပ်အသင်း နှစ်သင်းဖြင့် ဆွတ်ခူးနိုင်ရန် ရည်မှန်းနေပါတယ်။

"ကျွန်တော်တို့ အနိုင်ရနိုင်တဲ့ ဖလားလေးခုထဲက သုံးခုကို ရထားပြီး နောက်ဆုံးခြေလှမ်းမှာ ရောက်နေပါပြီ။ ပီအက်စ်ဂျီ သမိုင်းကို ကျွန်တော်တို့ တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" "အသင်းဟာ ကတိကဝတ်တွေ အများကြီး ပြသခဲ့ပြီး အဲဒါတွေ အားလုံးဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ပွဲစဉ်အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဲဒီပွဲက အဆုံးအဖြတ် ဖြစ်လာမှာ ဖြစ်ပြီး ကျွန်တော်တို့ကို သမိုင်းမှတ်တိုင် တင်နိုင်စေပါလိမ့်မယ်" လို့ သူက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။