The network connection is lost.

Banner Image

ပီအက်စ်ဂျီနှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက် ပြင်သစ်ကလပ်နှင့်အတူ သမိုင်းသစ်ရေးထိုးခြင်နေတဲ့ အင်းနရစ်

စပိန်လူမျိုး နည်းပြချုပ်ဟာ ၂၀၂၃ ခုနှစ်တွင် ဂယ်လ်တီယာရဲ့နေရာကို အစားဝင်ရောက်ဖို့အတွက် ပီအက်စ်ဂျိသို့ရောက်လာခဲ့ပြီး ပထမရာသီတွင် ပြည်တွင်းဖလား သုံးခုကို ရယူနိုင်ခဲ့ပါတယ်။ သူဟာ ပီအက်စ်ဂျီရဲ့နည်းပြချုပ်အဖြစ် ၈၆ ပွဲတွင် ၅၈ ပွဲအနိုင်ရရှိခဲ့ပြီး (သရေ ၁၈ ပွဲ၊ ရှုံး ၁၀ ပွဲ)၊ အနိုင်ရရှိမှုရာခိုင်နှုန်း ၆၅.၈၈% ရှိခဲ့ပါတယ်။

လူဝစ် အင်းနရစ်ဟာ နောက်ဆုံးနိုင်ပွဲက သောကြာနေ့က မိုနာကို ကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲဖြစ်ပြီး၊ ထိုနိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ လီဂူးဝမ်းတွင် ဒုတိယနေရာက အသင်းကို ၁၃ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ထိုအနိုင်ပွဲအပြီးတွင် အသင်းက သူ့အား ထားရှိတဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ပဲရစ်တွင် အထင်ကရအမွေအနှစ်တစ်ခု ထားရစ်ရန် စိတ်အားထက်သန်ကြောင်း ပြောကြားခဲ့ပါတယ်။

"အသင်းသို့ရောက်တဲ့ပထမနေ့ကတည်းက ကလပ်က ကျွန်တော်တို့အတွက် အရာအားလုံးကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒီထောက်ခံမှုက ကျွန်တော့်ကို ဆက်လက်လုပ်ဆောင်စေခဲ့ပြီး တိုးတက်ဖို့ လှုံ့ဆော်ပေးပါတယ်" "ကျွန်တော်တို့အနေနဲ့ ဒီမှာ နည်းပြအဖွဲ့အနေနဲ့ သမိုင်းတင်ချင်ပါတယ်" "ကျွန်တော် ဒီမှာ ဘယ်လောက်ကြာကြာ ရှိနေမလဲဆိုတာ မသိပါဘူး။ ကိုယ်ရောက်နေတဲ့နေရာမှာ သက်တောင့်သက်သာရှိပြီး ပတ်ဝန်းကျင်က ယုံကြည်မှုကို ခံစားရတဲ့အခါ ဘာကြောင့် ကိုယ့်ကိုယ်ကို ကန့်သတ်မှုတွေ ထားရမှာလဲ"

"ကျွန်တော် ဒီထောက်ခံအားပေးမှုအတွက် အရမ်းပျော်ရွှင်ပါတယ်။ ကြိုးစားလုပ်ဆောင်ပြီး ပြန်လည်းပေးဆပ်ချင်ပါတယ်။ ရလဒ်တွေနဲ့ ပြန်ပေးနိုင်မလားဆိုတာတော့ မသိပါဘူး" လို့ လူဝစ် အင်းနရစ် က ပြောကြားခဲ့ပါတယ်။ သို့သော် ပီအက်စ်ဂျီအသင်းရဲ့နည်းပြချုပ်က ရာသီအစ ပွဲစဉ်များတွင် ရှုံးနိမ့်မှုမရှိဘဲ ရရှိခဲ့တဲ့ အနိုင်ပွဲဟာ ယခုရာသီအတွက် အကောင်းဆုံးပွဲဖြစ်တယ်ဆိုတာ လက်မခံထားပါဘူး။

လူဝစ် အင်းနရစ်ရဲ့ အသင်းဟာ မိုနာကိုနှင့် ကစားခဲ့တဲ့ ပွဲတွင် xG ၃.၁၄ ရရှိခဲ့ပြီး မိုနာကိုရဲ့ xG မှာ ၁ သာရှိခဲ့ပါတယ်။ ဒါ့အပြင် ပွဲတစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု ၆၄% ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ၂၀၂၄-၂၅ ရာသီ လီဂူးဝမ်းတွင် ၂၁ ပွဲကစားပြီး ရှုံးပွဲမရှိသေးဘဲ (၁၆ ပွဲနိုင် ၊ ၅ ပွဲ သရေ)၊ သမိုင်းတွင် တတိယအကြိမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ လူဝစ် အင်းနရစ် အနေဖြင့်လည်း ပီအက်စ်ဂျီနည်းပြချုပ်အဖြစ် ပထမ လီဂူးဝမ်းပွဲစဉ် ၅၅ ပွဲတွင် ရှုံးပွဲ ၂ ပွဲသာရှိခဲ့ပြီး (နိုင်ပွဲ ၃၈ ပွဲ၊ သရေပွဲ ၁၅ ပွဲ) အဆိုပါအချက်ဟာ ပီအက်စ်ဂျီရဲ့အခြားသောနည်းပြများအနက် အနည်းဆုံးသော ရှုံးနိမ့်ခြင်း ဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ အကောင်းဆုံးပွဲလို့ မထင်မိပါဘူး။ နောက်ဆုံး ၁၀-၁၅ မိနစ်လောက်ကို သဘောမကျပါဘူး။ မိုနာကိုဆီက ဘောလုံးကို ပြန်မယူနိုင်ခဲ့ပါဘူး ဒါကြောင့် အခက်အခဲတွေ ရှိခဲ့ပါတယ်" "ပထမပိုင်းက တော်တော်ကောင်းခဲ့ပြီး သူတို့ကို ဖိအားပေးဖို့ ခက်ခဲခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပိုပြီး ကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် မိုနာကိုနဲ့ ကစားတဲ့အခါ အမြဲတမ်း ခက်ခဲပါတယ်" လို့ နည်းပြက ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ယခုအခါ ချန်ပီယံလိဂ်ရဲ့ play-off ပွဲကို အာရုံစိုက်ရမျာဖြစ်ပြီး လီဂူးဝမ်းကလပ်ဟာ ဘရက်စ် နှင့် အင်္ဂါနေ့တွင် ကစားရမှာဖြစ်ပါတယ်။ ထိုအခက်အခဲတွေဟာ အသင်းအား ပထမဆုံး ချန်ပီယံလိဂ်ဖလားရရှိရန် ကြိုးပမ်းမှုတွင် ပိုမိုအားကောင်းလာစေခဲ့တယ်လို့ စပိန်လူမျိုး နည်းပြချုပ်က ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ အားလုံးကို ဖြတ်သန်းခဲ့ရပါတယ် ဒီလိုအခက်အခဲတဲ့အချိန်တွေမှာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေပဲ ယုံကြည်ခဲ့တာတွေက အရမ်းကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက လူငယ်အသင်းတစ်သင်းကို ရင့်ကျက်လာစေပါတယ်"

"ကျွန်တော်တို့ ဘယ်တော့မှ ကြိုးစားနေတာကို မရပ်တန့်ပါဘူး။ ဒါက ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ။ သမိုင်းတင်ဖို့ ကြိုးစားရင်း ပြိုင်ပွဲတိုင်းရဲ့ နောက်ဆုံးမိနစ်အထိ ကြိုးစားယှဉ်ပြိုင်သွားမှာပါ" လို့ သူက ပြောကြားခဲ့ပါတယ်။