
ကလော့ပ်ရဲ့နေရာမှာ အလွန်ဆိုကို အစားထိုးခန့်အပ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သတိပေးခြင်းခံလိုက်ရတဲ့ လီဗာပူး
မကြာသေးမီက ကလော့ပ်ဟာ အသင်းမှနှုတ်ထွက်ကြောင်းကို ပရိတ်သတ်များထံ ကြေညာခဲ့တာဖြစ်ပြီး သူဟာ အားအင်ကုန်ခမ်းနေပါပြီ လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
အန်ဖီးလ်မှာရှိခဲ့တဲ့ ၈နှစ်ကြာ ကာလအတွင်း ဂျာမန်သားနည်းပြဟာ အသင်းကို ဥရောပ အင်အားကြီးကလပ်ဖြစ်လာအောင် ပြန်လည် တည်ဆောက်ပေးခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါတွင် အံ့အားသင့်ဖွယ်ကောင်းတဲ့ ရာသီတစ်ခုရရှိထားတဲ့ ဘိုင်ယန်လေဗာကူဆင်နည်းပြ အလွန်ဆိုက ၂၂ ပွဲကစားပြီးမှာ
ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က အလွန်ဆိုကို ချီးကျူးခဲ့ပြီး လူအများလည်း စပိန်သားကိုထောက်ခံနေကြတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း လီဗာပူး ကစားသမားဟောင်း ဂျိုကိုးလ်က အသက် ၅၆ နှစ်အရွယ် ကလော့ပ်ရဲ့ နေရာကို ဆက်ခံဖို့နှင့်ပတ်သက်ပြီး ကလပ်ကို သတိပေးခဲ့ပါတယ်။
လီဗာပူးကိုကိုင်တွယ်ဖို့က အလွန်ဆိုအတွက် ဖိအားတွေ အရမ်းများနေမှာကို ဂျိုကိုးလ်က စိုးရိမ်နေပါတယ်။ လီဗာပူးရဲ့ ဘရန့်ဖို့ဒ်နှင့်ပွဲမတိုင်မီ TNT Sports သို့ ကိုးလ်က "သူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကလော့ပ်ဟာ နည်းပြသစ်ရှာဖွေရေးတွင် ပါဝင်သွားရမှာပါ" "အဲဒီလို မှတ်ချက်ပေးတာကို သူက ထောက်ခံချက်ပေးပုံရပါတယ်။ နောက်လူက လီဗာပူးသို့ရောက်လာပြီး ဒီအလုပ်ကို လာလုပ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်" "ဆာအဲလက်စ်ဖာဂူဆန် ယူနိုက်တက်က ထွက်ခွာခဲ့တုန်းကနဲ့ နှိုင်းယှဉ်ပြီး သက်သေပြရမယ်ဆိုရင် မိုယက်စ်လိုထိပ်တန်းနည်းပြတစ်ဦးအတွက်လည်း အရမ်းကို ခက်ခဲခဲ့ပါတယ်" "အလွန်ဆို အတွက် တစ်ချိန်ချိန်မှာ ကမ်းလှမ်းခဲ့မယ်ဆိုရင် နည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့တိုးတက်မှုက အရမ်းမြန်မယ်လို့ ကျွန်တော်ထင်ပါတယ်" "သူဟာ ထိပ်တန်းနည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကလော့ပ်အတွက် အစားထိုးတဲ့နေရာမှာ ချီးကျူးဂုဏ်ပြုတာထက် ပိုခက်ခဲတဲ့အလုပ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။
အလွန်ဆိုကို လေးစားတာက ကလော့ပ်တစ်ဦးတည်းမဟုတ်ဘဲ လီဗာပူး ပရိသတ်အများစုကြားမှာ ရေပန်းအစားဆုံး ရွေးချယ်မှုလည်း ဖြစ်ပါတယ်။ သူက ကလပ်အကြောင်းကို ကောင်းကောင်းသိပြီး ကလော့ပ်စုစည်းထားတဲ့ အသင်းကို ဆက်လက်တည်ဆောက်ဖို့ ကတိပြုသွားမှာပါ။
ဘိုင်ယန်မြူးနစ်ကိုကျော်ပြီး ပြိုင်ဘက်တွေကို အံတုကာ လိဂ်ဖလားကို ဆွတ်ခူးနိုင်ရင် သူက အခွင့်အရေးရလာမှာပါ။