
ရီးရဲလ်စတား ၂ ဦးရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အလွန်ဆို
ရီးရဲလ်နည်းပြ အလွန်ဆိုအတွက်တော့ ရီးရဲလ်စတား ၂ ဦးဖြစ်တဲ့ မီလီတာအို နဲ့ အလာဘာတို့ပြန်လာမယ့်သတင်းက သတင်းကောင်းဖြစ်လာပါတယ်။ ရီးရဲလ်ဟာ ကလပ်ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ လာမယ့်အပတ်တွေမှာ အရေးကြီးလာတော့မှာဖြစ်ပါတယ်။ အမေရိကမြေကိုခရီးထွက်လာချိန်မှာ အလွန်ဆိုတစ်ယောက် ဒဏ်ရာကနေပြန်လည်သက်သာလာအောင်လုပ်ဆောင်နေတဲ့ အလာဘာ နဲ့ မီလီတာအိုတို့ကိုပါခေါ်ဆောင်လာခဲ့ပါတယ်။
အဆိုပါကစားသမား၂ ဦးစလုံးဟာ အစောပိုင်းပွဲတွေမှာ မပါဝင်ခဲ့ပေမယ့် အခုနောက်ဆုံးသတင်းတွေအရ မီလီတာအိုတစ်ယောက် လာမယ့်ဇူလိုင်လ ၁ ရက်နေ့မှာကန်မယ့် ဂျူဗင်တပ်စ်နဲ့ပွဲမှာ အနည်းငယ်ပါဝင်လာနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ မီလီတာအိုဟာ နိုဝင်ဘာကတည်းက အရွတ်ကြောဒဏ်ရာကြောင့်နားနေရတာဖြစ်ပြီး အခုတော့ အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့အဆင်ပြေခဲ့ရင် လာမယ့်ဂျူဗင်တပ်စ်အသင်းနဲ့ပွဲမှာ မိနစ်အနည်းငယ်ပါဝင်လာဖွယ်ရှိနေပါတယ်။ အလွန်ဆိုကလည်း မီလီတာအိုအခြေအနေက တိုးတက်လာခဲ့ရင် ဂျူဗီနဲ့ပွဲမှာ မိနစ်အနည်းငယ်ပေးကစားဖို့ စီစဉ်နေပါတယ်။
အလာဘာအခြေအနေကတော့ အနည်းငယ်တိုးတက်မှုနှေးနေဆဲဖြစ်ပြီး လာမယ့်အပတ်ထဲမှာ မက်ဒရစ်ကိုပြန်မှာဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အလာဘာတစ်ယောက် ပါဝင်လာနိုင်ချေနည်းနေပြီး လာမယ့်ရာသီသစ်အတွက် အဓိကအာရုံစိုက်ထားမယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်သား နဲ့ ရီးရဲလ်တို့ကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲရောက်နေပြီး အသင်းဘက်က ရောင်းထုတ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။