The network connection is lost.

Banner Image

ယူနိုက်တက်ကို ပြောင်းဖို့ ဘယ်လောက်အထိနီးစပ်ခဲ့ကြောင်း လီဗာပူးစတား ဂတ်ပို ထုတ်ဖော်ပြောကြား

လီဗာပူးစတား ဂတ်ပိုက အန်ဖီးလ်ကိုမပြောင်းခင် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နယ်သာလန်သားဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက ပီအက်စ်ဗွီကနေ လီဗာပူးအသင်းထံ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးကိုမပြောင်းရွှေ့ခင်မှာ ဂတ်ပိုတစ်ယောက် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။ ဟော်လန်မြေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဂတ်ပိုကို တန်ဟက်က ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှူးသစ်ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ အန်တိုနီကို အေဂျက်ထံကနေ ခေါ်ယူခဲ့ပါတယ်။ ဂတ်ပိုကို ဈေးနည်းနည်းနဲ့ခေါ်ယူလို့ ရနိုင်ခဲ့ပေမယ့် မခေါ်ယူခဲ့ပဲ အန်တိုနီကိုသာ ခေါ်ယူခဲ့ပါတယ်။ အပြောင်းအရွှေ့မပြတ်ခင်အထိ တန်ဟက် နဲ့ နယ်သာလန်သားတို့ကြား ပုံမှန်ချိတ်ဆက်မှုရှိတယ်လို့ ဂတ်ပိုက ဝန်ခံပြောကြားခဲ့ပါတယ်။

“မှန်ပါတယ်။ နွေရာသီတုန်းကဖြစ်မယ်ထင်တယ်။ ကျွန်တော် တန်ဟက်နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။ သူနဲ့စကားပြောရတာအဆင်ပြေပါတယ်။ သူက နယ်သာလန်သားဖြစ်တာကြောင့် အဆင်ပြေခဲ့ပေမယ့် အဆုံးသတ်မှာ လီဗာပူးက ကြားဖြတ်ဝင်လာပြီး ခေါ်ယူသွားခဲ့ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ထင်ပါတယ်”လို့ ဂတ်ပိုက ပြောကြားခဲ့ပါတယ်။