The network connection is lost.

Banner Image

ပဲလေ့စ်စတားကို လာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့ ပြင်ဆင်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ကမ္ဘာ့ကင်းထောက်ရာထူးအတွက် တောင်ပံကစားသမားဟောင်း ဒေါင်းနင်းကို ခန့်အပ်ခဲ့ပြီး လာမယ့်ဇန်နဝါရီမှာ ပဲလေ့စ်စတား ဂူဟီကိုခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒေါင်းနင်းဟာ ဗန်ဒိုက်နဲ့တွဲဖက်ပေးဖို့ ပဲလေ့စ်နောက်ခံလူ ဂူဟီနဲ့အစားထိုးဖို့ အသင်းကို ထောက်ခံပေးထားပါတယ်။ ကိုနာတေးက မကြာခင်မှာထွက်ခွာနိုင်တာကြောင့် လီဗာပူးအနေနဲ့ အစားထိုးနောက်ခံလူခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အပြောင်းအရွှေ့က မကြာခင်မှာပိတ်တော့မှာဖြစ်တာကြောင့် လီဗာပူးအနေနဲ့ လာမယ့်ဇန်နဝါရီလောက်မှသာ ဂူဟီကိုခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ပဲလေ့စ်စတားဟာ ကိုနာတေးနည်းတူ လာမယ့်နွေမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အလွတ်နဲ့ထွက်ခွာခွင့်ရမှာဖြစ်တာကြောင့် ဇန်နဝါရီမှာရောင်းချရနိုင်တာဖြစ်ပါတယ်။

“ဂူဟီက ဗန်ဒိုက်နေရာအတွက် အစားထိုးနိုင်မယ့်သူပါ။ ပြီးခဲ့တဲ့နွေကတည်းက ကျွန်တော်တို့ သူ့ကိုခေါ်ယူခဲ့သင့်တာပါ။ ကိုနာတေးအခြေအနေက ပြောဖို့ခက်ခဲသလို တကယ်လို့ သူကစာချုပ်သစ်ပယ်ချခဲ့မယ်ဆိုရင် ရောင်းချရတော့မှာပါ။
သူကအခု ဒါမှမဟုတ် ဇန်နဝါရီမှာ အသင်းကနေထွက်ခွာနိုင်ချေရှိနေပါတယ်။ အခုချိန်က အပြောင်းအရွှေ့ပိတ်ဖို့နီးစပ်တာကြောင့် လာမယ့်ဇန်နဝါရီလောက်မှသာဖြစ်နိုင်ချေရှိပါတော့တယ်။ ကိုနာတေးထွက်ခွာမယ်ဆိုရင် သူ့နေရာကို ဂူဟီနဲ့ အစားထိုးလို့ရပါတယ်။ သူက အရမ်းဆိုးဝါးတဲ့ကစားသမားမဟုတ်ပါဘူး။ လာမယ့်ဇန်နဝါရီမှာ အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်”လို့ ဒေါင်းနင်းက ပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့က မကြာခင်မှာ ပိတ်သိမ်းတော့မှာဖြစ်တာကြောင့် ဂူဟီကိုအခုနွေမှာရဖို့  ခက်ခဲနိုင်ပြီး ဇန်နဝါရီမှသာ ဖြစ်လာနိုင်ချေရှိနေပါတယ်။ ပဲလေ့စ်ဟာ ဂူဟီအပြောင်းအရွှေ့အတွက် အစိတ်အပိုင်းအဖြစ် ဂိုမက်ဇ်ကိုလည်း အလိုရှိနေပါတယ်။ ဒါပေမယ့် လီဗာပူးအနေနဲ့ ဂိုမက်ဇ်ကို အစိတ်အပိုင်းအဖြစ် ထည့်သွင်းပေးဖွယ်မရှိတာဖြစ်ပါတယ်။