
ဖရန့်ဖတ်စတားကိုခေါ်ယူဖို့ ဆွေးနွေးနေတဲ့ လီဗာပူး
သတင်းတွေအရ လီဗာပူးအသင်းဟာ ဖရန့်ဖတ်စတား အက်တီတီကို အခုနွေရာသီမှာခေါ်ယူဖို့ ကနဦးဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ စကိုင်းစပေါ့တ်သတင်းထောက် ပလက်တန်ဘာ့ဂျ်ရဲ့အဆိုအရ လီဗာပူးအသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး အက်တီတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဖရန့်ဖတ်အသင်းနဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပြီး ချဲလ်ဆီအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရ ဖရန့်ဖတ်ဘက်က သူတို့တိုက်စစ်မှူးအတွက် ဘာကမ်းလှမ်းမှုမရသေးပဲ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၄ သန်းတန်ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ အက်တီတီဟာ ၂၀၂၄ - ၂၅ ရာသီမှာ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂၂ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့သလို အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
စလော့ နဲ့ စီအီးအို မိုက်ကယ်အက်ဒ်ဝါ့တ်တို့က ပီအက်စ်ဂျီစတားဟောင်းကို စိတ်ဝင်စားနေသလို ချဲလ်ဆီးကလည်း တိုက်စစ်ပိုင်းအတွက် အက်တီတီကို အလိုရှိနေပါတယ်။ အက်တီတီအပြောင်းအရွှေ့ကို ဆွေးနွေးနေချိန်မှာ လီဗာပူးအသင်းဟာ လေဗာကူဆင်စတား ဝီရက်ဇ်ကိုလည်း ဦးစားပေးခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ဂျာမန်ကွင်းလယ်လူဟာ လီဗာပူးအသင်းဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်ကာ လေဗာကူဆင် နဲ့ လီဗာပူးတို့ကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရယူနိုင်သာ လိုအပ်တော့တာဖြစ်ပါတယ်။