
ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ပေါင် ၅၈ သန်းတန်ကမ်းလှမ်းမှု ကို ပယ်ချလိုက်တဲ့ လီဗာပူး
လီဗာပူးက တိုက်စစ်မှူးလူးဝစ်ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ပေါင် ၅၈ ဒဿမ ၆ သန်းတန် အဖွင့်ကမ်းလှမ်းမှု ကို ပယ်ချသွားခဲ့ပါတယ်။ ဂျာမန်ကလပ်အသင်းက အခုလအစောပိုင်းမှာပဲ အပြောင်းအရွှေ့အတွက် လီဗာပူးဆီ ချဉ်းကပ်လာခဲ့ပေမယ့် တိုက်စစ်မှူးကိုရောင်းချမှာမဟုတ်ဘူးဆိုတဲ့ ကြိုးကြာနီတွေရဲ့ပြန်ကြားစာကိုသာ လက်ခံရရှိခဲ့ပါတယ်။
ဒီအခြေအနေကို ထပ်မံအင်အားဖြည့်တင်းမှုအဖြစ် အသက်-၂၈ နှစ်အရွယ်ကိုလံဘီယာလက်ရွေးစင်အတွက် ဘွန်ဒက်စ်လီဂါကလပ်အသင်းရဲ့ပထမဆုံးအကြိမ်ကမ်းလှမ်းမှု ကို မာဆေးဆိုဒ်ကလပ်အသင်းမှ ပယ်ချသွားခဲ့ပါတယ်။ လီဗာပူးက ၂၀၂၇ ခုနှစ်၊ နွေရာသီကာလအထိ စာချုပ်သက်တမ်းရှိသလို အန်းစလော့ရဲ့လူစာရင်းမှာ အဓိကအဖွဲ့ဝင်ဖြစ်နေတဲ့ လူးဝစ်ဒီယက်ဇ်အတွက် ပေါင် ၈၇ သန်းထက်မလျော့တဲ့ဈေးနှုန်းတစ်ရပ်ကို လိုလားနေပါတယ်။
ဒီယက်ဇ်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းမှာ ၁၃ ဂိုးအထိ သွင်းယူပေးခဲ့မှုအပါအဝင် ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၂၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ဒီယက်ဇ်ကို မန်စီးတီးက စိတ်ဝင်စားခဲ့သလို ဆော်ဒီဘက်မှ စိတ်ဝင်တစားစောင့်ကြည့်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။
လီဗာပူးကလည်း ဈေးကွက်အတွင်းမှာ တိုက်စစ်မှူးအသစ်တစ်ဦးရှာဖွေနေပြီး နယူးကာဆယ်ရဲ့ဆွီဒင်ကြယ်ပွင့်အီဆက်ကို ခေါ်ယူနိုင်ဖို့ အတော်လေးစိတ်ဝင်စားနေပါတယ်။ BBC Sport ရဲ့အဆိုအရ လတ်တလောရက်ပိုင်းတွေအတွင်း အီဆက်အတွက် အပြောင်းအရွှေ့လှုပ်ရှားမှုကို ပရီးမီးယားလိဂ်ချန်ပီယံတွေ စတင်လုပ်ဆောင်လာပြီလို့ သိရပါတယ်။ ဒါ့အပြင် သူတို့တွေက တိုက်စစ်ပိုင်းအတွက် အခြားရွေးချယ်စရာတွေကိုလည်း စူးစမ်းလေ့လာခဲ့တယ်လို့ သိရပါတယ်။