The network connection is lost.

Banner Image

အီဆက်ခ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကြောင့် ဟိုဝီနဲ့ မိတ်မပျက်သွားစေဖို့ မျှော်လင့်နေတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က အီဆက်ခ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းကြောင့် နယူးကာဆယ်နည်းပြဟိုဝီနဲ့ သူ့အကြား ခင်မင်ရင်းနှီးမှုကို မထိခိုက်သွားစေဖို့ မျှော်လင့်နေပါတယ်။

အန်းစလော့နဲ့ ဟိုဝီအကြား စာဖြင့်အဆက်အသွယ်လုပ်လေ့ရှိပြီး အီဆက်ခ်ကိုခေါ်ယူဖို့ လီဗာပူးအသင်းကြိုးပမ်းနေချိန်မှာတောင် အခုလိုအဆက်အသွယ်ရှိမှုကို ထုတ်မပြောခဲ့ပါဘူး။ စိန့်ဂျိမ်းစ်ပတ်ခ်မှာကစားရမယ့် ယနေ့ညပိုင်းပွဲစဉ်မတိုင်ခင် အီဆက်ခ်ရဲ့အပြောင်းအရွှေ့ကိစ္စကြောင့် ဟိုဝီနဲ့ ဆက်ဆံရေးကို ထိခိုက်စေသလားဆိုတဲ့ မေးခွန်းတစ်ခု အန်းစလော့ဆီ ရောက်ရှိလာခဲ့ပါတယ်။

အန်းစလော့က “ ကျွန်တော် မသိပါဘူး။ ပရီးမီးယားလိဂ်မှာ ကျွန်တော်နဲ့ စာအဆက်အသွယ်ရှိတဲ့ တစ်ဦးတည်းသောနည်းပြက ဟိုဝီပဲ ဖြစ်ပါတယ်။ ဟော်လန်မှာတုန်းကလည်း ကျွန်တော်တို့တွေ စာအဆက်အသွယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ လိဂ်ဖလားဗိုလ်လုပွဲအပြီးမှာတော့ မက်ဆေ့ချ်အနည်းငယ်လောက်သာ အပြန်အလှန်ပေးပို့ဖြစ်ခဲ့ပါတယ်။

သူ့ကိုတွေ့ဖြစ်မယ်ဆိုရင် မနှစ်တုန်းကလိုပဲ အတူတူသာဖြစ်နေပါလိမ့်မယ်။ ဘယ်လိုကွဲပြားခြားနားမှုမျိုးမှ မရှိလာစေဖို့ မျှော်လင့်မိပါတယ်။ ဒီထက်ပိုပြီးတော့လည်း ကျွန်တော် မသိပါဘူး။ ကျွန်တော့်အတွက်တော့ သူနဲ့ဆက်ဆံရေးက အရင်အတိုင်းရှိနေဆဲပါပဲ”လို့ ပြောပါတယ်။

ဆက်လက်ပြီး အန်းစလော့က “ ယေဘုယျအားဖြင့် ဟိုဝီဆိုတာ ခင်မင်နှစ်လိုဖွယ်ကောင်းသူတစ်ဦးဖြစ်လို့ ကျွန်တော်ကတော့ သူ့အပေါ်မှာ စာနာနားလည်မှုရှိပါတယ်။ ဒါက ဟိုဝီနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ယေဘုယျခံစားချက် ဖြစ်ပါတယ်။ သူ့ကို ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ရောင်းရင်းတစ်ဦးလို့ ယူဆတာကြောင့် စာဖြင့် အပြန်အလှန်ဆက်သွယ်ခဲ့တာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပါဘူး။ ကျန်တဲ့အပိုင်းတွေမှာတော့ ဂေါ်ဒွန်၊ မာဖီ၊ အီလန်ဂါ၊ ဟာဗေးဘန်းစ်တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြတစ်ဦးအတွက် ကျွန်တော်ကတော့ စာနာနားလည်ပေးနေစရာ မလိုအပ်ပါဘူး။

သူတို့တွေက ကာလမ်ဝီလ်ဆင်နေရာကို အစားမထိုးခဲ့ဘူးလား? ကစားသမားကောင်းများစွာရှိနေတဲ့ အသင်းလူစာရင်းတစ်ခုကို ကိုင်တွယ်နေသူနည်းပြတစ်ဦးအတွက် စာနာနားလည်ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ကျွန်တော် သူ့ကို သဘောတွေ့တယ်လို့ ယူဆပါတယ်။ ဟိုဝီသာ အင်္ဂလန်လက်ရွေးစင်အသင်းကို အကောင်းဆုံးဦးဆောင်သွားမယ်ဆိုရင်လည်း ဘယ်သူ့အတွက်မှ အံ့သြစရာဖြစ်လာစရာအကြောင်းမရှိပါဘူး။ လူသားဆန်တဲ့ နည်းပြကောင်းတစ်ဦးပါ”လို့ ဆိုပါတယ်။