The network connection is lost.

Banner Image

ဝုဗ်ကိုအနိုင်ယူပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်လိုက်ပြန်တဲ့ လီဗာပူး

လီဗာပူး ၂-၁ ဝုဗ် (ပွဲပြီးရလဒ်)

 ဒီယက်ဇ်(၁၅') ဆာလက်(၃၇') P ကွန်ဟာ(၆၇')

 

လီဗာပူးအနေနဲ့ ပထမပိုင်းမှာ ဝုဗ်ကို သက်တောင့်သက်သာထိန်းချုပ်ကစားပြီး ဦးဆောင်ဂိုးတွေသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အနိုင်ရလဒ်ကို ခက်ခက်ခဲခဲရယူခဲ့ရပါတယ်။ ဝုဗ်ရဲ့တိုက်စစ်က ဒုတိယပိုင်းမှာအတော်လေးပုံစံကောင်းပြသခဲ့ပြီး သရေရလဒ်ကို ရနိုင်လောက်တဲ့အထိ ခြေစွမ်းပြခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးတို့ နောက်ထပ်သွင်းဂိုးတစ်ဂိုးနဲ့ ပင်နယ်တီတစ်လုံးထပ်မံရရှိခဲ့ပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးပြီး ပယ်ဖျက်ခံခဲ့ရလို့ ဂိုးပြတ်နိုင်ပွဲရရှိဖို့ ကံခေခဲ့တယ်လို့ဆိုရပါမယ်။ ဘာပဲဖြစ်ဖြစ် အနိုင် ၃ မှတ်ကိုတော့ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့လို့ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်ကာ ဒုတိယနေရာက အာဆင်နယ်ကို ၇ မှတ်အထိ ပြန်လည်ဖြတ်တောက်ထားပြီဖြစ်ပါတယ်။