The network connection is lost.

Banner Image

အာဆင်နယ်ပစ်မှတ်နဲ့ပတ်သက်ပြီး အကြောင်းပြန်လာတဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဘက်ကတော့ သူတို့စတား အင်ကာပီယေအတွက် ပေါင် ၅၁ သန်းထက်နည်းပါးတဲ့ကမ်းလှမ်းမှုကို လက်ခံမှာမဟုတ်ဘူးလို့ အာဆင်နယ်ထံ အကြောင်းပြန်လိုက်ပါတယ်။
ပဲလေ့စ်ထံကနေ အီဇီးကိုခေါ်ယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ အပြောင်းအရွှေ့မပိတ်ခင်မှာ အင်ကာပီယေကို ထပ်မံခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အသက် ၂၃ နှစ်သားဟာ အလွန်ဆိုလက်အောက် ဆုဖလားတွေရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး တော့တင်ဟမ်ကလည်း စိတ်ဝင်စားနေပါတယ်။ ကစားသမား နဲ့ အာဆင်နယ်တို့ကြားမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကာ လေဗာကူဆင် နဲ့ သဘောတူညီမှုရယူဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Kicker နဲ့ Bild တို့ကတော့ လေဗာကူဆင်ဟာ သူတို့စတားအတွက် ပေါင် ၅၁ သန်းအထိ တင်းခံထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်သတင်းတွေအရ လေဗာကူဆင်အနေနဲ့ အင်ကာပီယေကို ထက်ဝက်ကြေးနဲ့ရောင်းချခဲ့မယ်ဆိုရင် ပရိသတ်တွေထံကနေ ပြင်းထန်တဲ့တုံ့ပြန်မှုရလာနိုင်တာကို သတိထားနေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်ဘက်က ကစားသမားကို ကနဦးအငှား + လာမယ့်ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းနိုင်ဖို့ ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။ လေဗာကူဆင်ဘက်က ကစားသမားကို ၂၀၂၉ အထိ စာချုပ်သက်တမ်းတိုးထားတာကြောင့် အလျင်စလိုရောင်းချဖို့ မလိုအပ်တာဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်ကတော့ အသင်းကနေထွက်ခွာချင်တယ်လို့ အသိပေးထားပြီး အာဆင်နယ်ထံပြောင်းချင်နေပါတယ်။ အခုနွေရာသီမှာ အာဆင်နယ်ဟာ ကစားသမားသစ် ၇ ဦးအတွက် ပေါင်သန်း ၂၅၀ နီးပါးအထိ အသုံးပြုထားကာ အာတီတာအနေနဲ့ ၂၀၀၄ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။