The network connection is lost.

Banner Image

နည်းပြကွန်စီကာအိုက အမြင်တွေကို ပြောင်းလဲပေးတယ်လို့ ဖွင့်ဟပြောပြလာတဲ့ ရာဖေးလ်လီယာအို

ဒီနေ့မနက်ပိုင်း၊ ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့ရှိ Al-Awwal Park ကွင်းကြီးအတွင်း မြို့ခံပြိုင်ဘက်အင်တာမီလန်ကို နှစ်ဂိုးပြတ်ရှုံးနိမ့်နေပြီးမှ ၃-၂ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူခဲ့တဲ့ စူပါကိုပါအီတလီယာဖလားဗိုလ်လုပွဲကို အေစီမီလန်ကြယ်ပွင့်ရာဖေးလ်လီယာအိုလည်း ပါဝင်ကစားခဲ့ပါတယ်။

ရာဖေးလ်လီယာအိုက “ပုဂ္ဂိုလ်ရေးအရ ဆာဂျီယိုကွန်စီကာအိုနဲ့ ကျွန်တော် မရင်းနှီးပါဘူး။ ပေါ်တိုမှာ သူနဲ့အတူ တွဲဖက်အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တော်ရဲ့သူငယ်ချင်းတွေဆီကနေ ကွန်စီကာအိုမှာ ခိုင်မာအားကောင်းတဲ့ စရိုက်လက္ခဏာတစ်ခုရှိတယ်ဆိုတာတော့ ကြားခဲ့ဖူးပါတယ်။ ရက်နည်းနည်းလေးအတွင်းမှာပဲ သူလုပ်ပြခဲ့တဲ့ အရာတွေက မယုံကြည်နိုင်စရာကောင်းပါတယ်။

သူပြောနေတဲ့စကားလုံးတွေက ကျွန်တော်အတွက် လိုအပ်ပါတယ်။ ဒီလိုခွန်အားအပြည့်ရှိတဲ့စကားလုံးတွေကို လူတိုင်းအတွက် လိုအပ်ခဲ့တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ကွင်းတွင်းကွင်းပြင်ပြောင်းလဲမှုတွေကို မြင်တွေ့နေရပြီလို့လည်း ကျွန်တော် ခံစားမိပါတယ်။ ဒီလိုစိတ်ဓါတ်မျိုးက ဒီနေ့မှာလုပ်ခဲ့တဲ့အရာတွေနဲ့ ပွဲစဉ်ကို အနိုင်ရရှိဖို့အတွက် အကူအညီဖြစ်စေပါတယ်။

ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့နဲ့ ရင်ဆိုင်ကစားရချိန်တိုင်း ကျွန်တော်တို့ အရှုံးမပေးခဲ့ပါဘူး။ အမြဲတမ်းတော့ အကောင်းဆုံးမကစားနိုင်ပေမယ့် စရိုက်လက္ခဏာကောင်းနဲ့အတူ ပွဲစဉ်တွေကို အနိုင်ရရှိအောင်တော့ စွမ်းဆောင်နိုင်ပါတယ်။ ဒါက အောင်မြင်မှုရယူလိုတဲ့ ဆာလောင်စိတ်နဲ့ ခွန်အားတွေပဲ ဖြစ်ပါတယ်။ အမှားအယွင်းတွေ ပြုလုပ်မိပေမယ့် စိတ်ဆန္ဒကတော့ မတူကွဲပြားတဲ့အရာတစ်ခုကို ပြုလုပ်ချင်တာမျိုးပဲ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရချိန်မှာလည်း ဒီလိုစိတ်ဓါတ်မျိုးရှိခဲ့သလို အခုပွဲစဉ်မှာလည်း ရှိခဲ့ပါတယ်။ ဒါက အခြေခံအကျဆုံးအချက်  ဖြစ်ပါတယ်။

အေစီမီလန်အတွက် ကစားပေးနေရလို့ ဘယ်သူကမှ သူတို့ရဲ့နေရာအတွက် ပေါ့ပေါ့ဆဆလုပ်လို့ မရပါဘူး။ လူတိုင်း တက်နိုင်သမျှ အသင်းကိုကူညီပေးသွားဖို့ အမြဲတမ်းအဆင့်သင့်ရှိနေရပါမယ်။ နည်းပြကိုယ်တိုင်လည်း ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံရရှိအောင် ကူညီပေးလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ့ရဲ့တွန်းအားပေးမှုကြောင့်ပဲ တဖက်လှည့်နဲ့ ကျွန်တော်က သူ့ကို ပြန်ကူညီပေးသွားရပါမယ်”လို့ ပြောပါတယ်။