The network connection is lost.

Banner Image

ဂွာတီမာလာကိုအနိုင်ရတဲ့ပွဲမှာ အံ့ဩစရာကောင်းတဲ့အပြုအမူအတွက် မက်ဆီအား ချီးကျူးပြောဆိုလိုက်တဲ့ လော်တာရိုမာတီနက်ဇ်

အာဂျင်တီးနားက ဂွာတီမာလာကိုအနိုင်ရတဲ့ပွဲမှာ ပင်နယ်တီကန်ခွင့်ရတဲ့အတွက် လော်တာရိုမာတီနက်ဇ်က လီယွန်နယ်မက်ဆီအား ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

လက်ရှိကမ္ဘာ့ဖလားနှင့် ကိုပါအမေရိကချန်ပီယံတွေဟာ ဂွာတီမာလာကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိကာ လာမယ့် ရက်သတ္တပတ် အမေရိကန်တွင်ကစားမယ့် ချန်ပီယံကာကွယ်ပွဲမစတင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် စနေနေ့တွင် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်နဲ့ မက်ဆီတို့ဟာ သွင်းဂိုး ၄ ဂိုးထဲက ၃ ဂိုးကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

ဂွာတီမာလာဟာ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ကိုယ်ဂိုးကိုယ်သွင်းမှုကြောင့် ပွဲကစားချိန် ၄ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း မက်ဆီရဲ့သွင်းဂိုးကြောင့် သရေဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ အာဂျင်တီးနားအသင်းက ပင်နယ်တီရရှိခဲ့ပြီး အင်တာမီယာမီကြယ်ပွင့်က သူကန်သွင်းမယ့်အစား မာတီနက်ဇ်ကို ပေးကန်ခဲ့ပါတယ်။ အင်တာမီလန်တိုက်စစ်မှူးက ပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ဘာစီလိုနာဂန္ထဝင်ကစားသမားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ "ကျွန်တော် သူ့ကိုကြည့်နေခဲ့ပြီး သူက ကျွန်တော့်ကို ပေးကန်ခဲ့ပါတယ်။ သူ့ကို အရမ်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူဟာ ကွင်းတွင်းရော အပြင်မှာပါ လူကြီးလူကောင်းတစ်ယောက်ပါ ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်" လို့ မာတီနက်ဇ်က ပြောပါတယ်။

အာဂျင်တီးနားဟာ အတ္တလန္တာမြို့ရှိ Mercedes-Benz အားကစားကွင်းတွင် ကိုပါအမေရိက ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်အဖြစ် ကနေဒါနှင့် ဇွန် ၂၁ ရက်တွင် ကစားရမှာဖြစ်ပါတယ်။