The network connection is lost.

Banner Image

စိတ်ကြိုက်ခေါ်ယူမှုမှာ ရော်နယ်ဒိုကိုကျော်ဖြတ်ပြီး မက်ဆီကို ရွေးချယ်လိုက်တဲ့ ယာမဲလ်

နွေရာသီစိတ်ကြိုက်ခေါ်ယူမှုမှာ ရော်နယ်ဒိုကိုကျော်ဖြတ်ပြီး ယာမဲလ်တစ်ယောက် မက်ဆီကို ရွေးချယ်ခဲ့ကာ နေမာကိုလည်း သူ့ရဲ့ခေါ်ယူမှုမှာ ချန်လှပ်ခဲ့ပါတယ်။ ဘာစီလိုနာစတား ယာမဲလ်က သူ့ရဲ့စိတ်ကြိုက်ခေါ်ယူမှုမှာ မက်ဆီရဲ့ပြိုင်ဘက် ရော်နယ်ဒိုကို ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ လာမာစီယာအကယ်ဒမီထွက်ဖြစ်တာကြောင့် ယာမဲလ်အနေနဲ့ မက်ဆီကို ရွေးချယ်တာက အံ့အားသင့်စရာတော့ မရှိတာဖြစ်ပါတယ်။

ယာမဲလ်ဟာ ၂၀၁၄ တုန်းက ဘာစီလိုနာအကယ်ဒမီကိုပြောင်းလာခဲ့တာဖြစ်ပြီး အဲ့အချိန်တုန်းက ဘာစီလိုနာမှာ နေမာ ၊ မက်ဆီ ၊ ဆွာရက်ဇ်အတွဲက တော်တော်လေးနာမည်ကျော်နေတဲ့အချိန်ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားနာမည်ကို မေးမြန်းရာမှာ ယာမဲလ်က မက်ဆီဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ငယ်ဘဝတုန်းက အားကျရတဲ့ကစားသမားက နေမာဖြစ်ခဲ့ပေမယ့် တကယ့်စိတ်ကူးခေါ်ယူမှုမှာ ဘရာဇီးသားကို ချန်လှပ်ခဲ့တာဖြစ်ပြီး မူစီယာလာကို ရွေးချယ်ခဲ့ပါတယ်။

“ခင်ဗျားက နေမာကိုခေါ်ယူစေချင်ပေမယ့် ကျွန်တော် မူစီယာလာကိုပဲ ရွေးချယ်ချင်ပါတယ်”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။ အသက် ၁၇ နှစ်သားက သူ့ရဲ့နေ့စဉ်ဘ၀ နဲ့  ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စိန်ခေါ်မှုတွေအကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ ယာမဲလ်တစ်ယောက် မကြာသေးခင်တုန်းက ချက်ပြုတ်ရတာကို စိတ်ဝင်စားကြောင်း ပြောကြားခဲ့ပြီး “ပြင်သစ်အကြော်အလှော်တွေကိုလည်း ချက်ရတာ ကြိုက်ပါတယ်။ အဲ့တာက အလွယ်ဆုံးပါ”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ ဒီရာသီဘာစီလိုနာအတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး လာလီဂါ ၂၀ ပွဲမှာ ၅ ဂိုးသွင်း ၊ ၁၀ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ လာမယ့်အပတ်မှာ ဘာစီလိုနာဟာ လက်စ်ပါးမက်စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။