The network connection is lost.

Banner Image

၂၀၂၅ ခုနှစ်အတွက် သတ်မှတ်ထားတဲ့ စိန်ခေါ်မှုကို ပြောကြားလိုက်တဲ့ ယာမဲလ်

ဘာစီလိုနာ၊ စပိန်တို့နှင့်အတူ အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်အတွက် သူ့ကိုယ်သူ့ သတ်မှတ်ထားတဲ့ စိန်ခေါ်မှုကို ယာမဲလ်က ပြောကြားလိုက်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ကစားသမားဟာ ကလပ်နှင့် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အမှတ်ရစရာတွေရှိခဲ့ပြီး ဘာစီလိုနာ လူငယ်ကစားသမားဟာ ၂၀၂၅ ခုနှစ်မှာ အောင်မြင်မှုပိုမိုရရှိလိုနေတာဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ်ဆုဖလားရရှိချင်နေပြီး ဂိုးတွေများများသွင်းလိုနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ ပထမအသင်းအတွက် ၇၂ ပွဲကစား ၁၃ ဂိုးသွင်း ၂၁ ဂိုး ဖန်တီးပေးထားပါတယ်။

Barca One သို့ ယာမဲလ်က "ဒီနှစ်မှာတော့ အသင်းလိုက်ဆုဖလားတော့ ဘာစီလိုနာမှာ မရရှိခဲ့ပါဘူး။ ဒါဟာ ကျွန်တော် အလိုချင်ဆုံးဖြစ်ပေမယ့် လိဂ်ဖလာ၊ Cup ဖလား၊ ချန်ပီယံလိဂ်နှင့် ရရှိနိုင်သမျှဆုဖလားတွေကို ကြိုးစားသွားမှာပါ။ ကျွန်တော်ကလည်း ဂိုးတွေပိုသွင်းဖို့လိုပါတယ်။ ဂိုးဖန်တီးမှုမှာတော့ ကျွန်တော်က တိုးတက်လာခဲ့ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုဖြစ်ပါတယ်" လို့ ပြောပါတယ်။

ယာမဲလ်ဟာ ၂၀၂၄ ခုနှစ်တွင် ဘာစီလိုနာအတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး နွေရာသီမှာလည်း စပိန်ကို ဥရောပချန်ပီယံရှစ်ဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ကာ ဘော်လွန်းဒီအော်ဆုပေးပွဲမှာလည်း ကိုပါဆုကို ရရှိခဲ့ပါတယ်။ နောက်ပြီး ၂၀၂၅ ခုနှစ်မှာ သူက ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ချင်နေတာဖြစ်ပါတယ်။

လက်ရှိမှာခြေကျင်းဝတ်ဒဏ်ရာကြောင့် နားနေရတဲ့ ယာမဲလ်ဟာ လာမယ့်ရက်သတ္တပတ်မှာ ပြန်ကစားနိုင်ဖို့အတွက် မျှော်လင့်ရပါတယ်။ အသင်းရဲ့မကြာသေးခင်က ရလဒ်တွေကြောင့် ဟန်ဆီဖလစ်ဟာ စပိန်သားကို အမြန်ဆုံးလိုအပ်နေတာဖြစ်ပါတယ်။