The network connection is lost.
ဖြတ်တင်ဘောမတိုင်ခင် ကွင်းလယ်ဒိုင် မန်ဇာနိုတစ်ယောက် ပွဲကစားချိန် ၉၉ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့ဂိုးကို ခွင့်မပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အဆိုပါသွင်းဂိုးကို ခွင့်မပြုခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကို အော်ဟစ်ပြောဆိုခဲ့တာဖြစ်ပြီး တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။
ပွဲအပြီးမှာ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး ရီးရဲလ်စတား ချူအာမီနီက တွစ်တာကနေ “အဲ့လုပ်ရပ်က ရှက်စရာ”လို့ ရေးသားတင်ခဲ့ပါတယ်။
ဒူရိုနဲ့ ယာရီမာ့ချ်တို့က ဗလန်စီယာအတွက် ပထမပိုင်းမိနစ် ၃၀ မှာတင် ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဗင်နီဆီးယက်စ်က ရီးရဲလ်အသင်းကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ ၂ မှတ်လျာ့ကျခဲ့ပေမယ့်လည်း အန်ဆယ်လော့တီရဲ့ အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ကာ ဒုတိယနေရာက ဂျီရိုနာနဲ့ တတိယနေရာက ဘာစီလိုနာကို ၇ မှတ် ၊ ၉ မှတ်အသီးသီးဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။
ရီးရဲလ်အတွက် အခုချိန်က ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ဒုတိယအကျော့ပွဲကို အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။