The network connection is lost.

Banner Image

ဒမ်စတက်နဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မနေ့ညက ဒမ်စတက်နဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ကိန်းဟာ တော့တင်ဟမ်မှာကတည်းက ခြေကျင်းဝတ်ဒဏ်ရာရရှိလေ့ရှိပြီး အခု ဘိုင်ယန်မှာသာ အဆိုပါဒဏ်ရာက ပေါ်လာခဲ့တာပါ။အဆိုပါပွဲစဉ်မှာ ဟယ်ရီကိန်းတစ်ယောက် ခြေစွမ်းပြဂိုးသွင်းခဲ့ပေမယ့် ဂိုးတိုင်နဲ့တိုက်မိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

ပွဲအပြီးမှာတော့ သတင်းထောက်တစ်ဦးက ဘိုင်ယန်အားကစားဒါရိုက်တာ ဖရူအန်ကို ကိန်းရဲ့ဒဏ်ရာအကြောင်း မေးမြန်းရာမှာ ဖရူအန်က "သူ့ရဲ့ဒဏ်ရာက အခြေအနေမဆိုးဖို့ မျှော်လင့်ပါတယ်။ သူ့ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာပါ။ လက်ရွေးစင်အသင်းအတွက် ကစားပေးရမယ့်အချိန်ရောက်လာလို့ စွန့်စားမှုမလုပ်တော့တာပါ။"လို့ ပြောခဲ့ပါတယ်။

နည်းပြတူချယ်ကလည်း "သူ ဂိုးတိုင်နဲ့တိုက်မိပြီး ခြေကျင်းဝတ်အတော်လေးလည်သွားပါတယ်။ သူ့ရဲ့ခြေကျင်းဝတ်ကို ရေခဲကပ်ထားရပါတယ်။ စစ်ဆေးမှုဗတွ ပြုလုပ်ရဦးမှာဖြစ်လို့ အခြေအနေသိရဖို့ စောင့်ရဦးမှာပါ။ ဘာမှမဆိုးရွားဖို့တော့ မျှော်လင့်ပါတယ်။"လို့ ပြောခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ဘက်ကတော့ နိုင်ငံတကာပွဲစဉ်တွေအပြီး မတ်လ၃၀ရက်နေ့မှာကစားမယ့် ဒေါ့မွန်နဲ့ပွဲစဉ်မှာ ကိန်းတစ်ယောက် ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။