The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် မိမိတို့အသင်းဟာ ကာရာဘောင်ဖလားချန်ပီယံဖြစ်ဖို့ ရေပန်းမစားကြောင်း ကလော့ပ် အခိုင်အမာဆို

၂၀၂၂ ဖိုင်နယ်ပွဲတုန်းက လီဗာပူးအသင်းဟာ မိနစ် ၁၂၀ အထိ သရေကျခဲ့ပြီးနောက် ပင်နယ်တီနဲ့အနိုင်ရရှိခဲ့ပါတယ်။ အခုလက်ရှိခြေစွမ်းအနေအထားအရလည်း လီဗာပူးအသင်းဟာ မန်စီးတီးကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေသလို ချဲလ်ဆီးထက် ကာရာဘောင်ဖလား ရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
 
ချဲလ်ဆီးဟာ ဒီရာသီမှာ ၁၀ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် ကလော့ပ်က ပိုချက်တီနိုရဲ့ချဲလ်ဆီးအသင်းဟာ မိမိတို့အသင်းကို ဒုက္ခပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။
 
“ကျွန်တော်တို့က ရေပန်းစားတာလား?။ လုံးဝမဟုတ်ပါဘူး။ သူတို့နဲ့စကားပြီးကတည်းက အများကြီး တိုးတက်လာပါတယ်။ အဲ့တာက လှည့်စားမှုတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခက်ခဲမှုတွေ ရှိလာနိုင်ပါတယ်။ ကောင်လေးတွေ ကစားနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး။ အခြေအနေက မကောင်းပါဘူး။ လုံးဝအရေးပါတဲ့ပွဲတွေ အများကြီးလာတော့မှာပါ။ ကျွန်တော်တို့ တစ်နေ့ချင်းသွားရပါမယ်”လို့ ကလော့ပ်က ဘီဘီစီနဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
 
၂၀၂၁ ကတည်းက လီဗာပူးအသင်းနဲ့ ချဲလ်ဆီး အသင်းတို့ဟာ ၈ ကြိမ်တွေ့ဆုံထားပြီး လီဗာပူးက အရေးမနိမ့်ထားတာဖြစ်ပါတယ်။ အခုရာသီတွေ့ဆုံမှုတုန်းကလည်း ၁-၁ သရေကျထားသလို ပြီးခဲ့တဲ့လတုန်းကပွဲမှာလည်း ၄-၁ နဲ့ လီဗာပူးအသင်းက အနိုင်ရရှိထားခဲ့ပါတယ်။
 
လီဗာပူးအသင်းဟာ ဖူလ်ဟမ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ရသလို ချဲလ်ဆီးကတော့ ပထမအကျော့မှာ မစ်ဒယ်ဘရော့ကိုအရေးနိမ့်ခဲ့ပေမယ့် ကျော်ဖြတ်လာနိုင်တာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ တနင်္ဂနွေနေ့မှာ ကာရာဘောင်ဖိုင်နယ်ပွဲကန်ရမှာ ဖြစ်ပြီး ဒီရာသီပထမဆုံး ဆုဖလားအောင်မြင်မှု ရယူနိုင်မယ့်အခွင့်အရေးက ၂ သင်းစလုံးမှာ ရှိနေပါတယ်။