The network connection is lost.

Banner Image

ကူဆာနော့ဗ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ လန်းစ်အသင်းနောက်ခံလူ ကူဆာနော့ဗ်ကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီး ပရီးမီးယားလိဂ်ကိုရောက်လာတဲ့ပထမဆုံး ဥဇဘက်ကစ္စတန်သားဖြစ်လာခဲ့ပါတယယ်။ ကူဆာနော့ဗ်ဟာ စီးတီးအသင်းရဲ့ပထမဆုံးဇန်နဝါရီအပြောင်းအရွှေ့အတွင်းခေါ်ယူမှုဖြစ်လာခဲ့ပြီး ကျောနံပတ် ၄၅ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

၂၀၂၄ - ၂၅  ပထမရာသီဝက်က စိတ်ပျက်စရာဖြစ်လာခဲ့ပြီးနောက် စီးတီးဟာ အခုဆောင်းဈေးကွက်မှာ ကစားသမားအင်အားဖြည့်တင်းမှုတွေလုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ မကြာခင်မှာ ဖရန့်ဖတ်စတား အိုမာမာမွတ်ရှ်ကိုလည်း ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။“ကျွန်တော် စီးတီးအသင်းထံပြောင်းလာခဲ့လို့ လုံး၀၀မ်းသာမိပါတယ်။ ဒီအသင်းက ကျွန်တော် အချိန်အတော်ကြာ စောင့်ကြည့်ဖြစ်တဲ့အသင်းပါ။ ပြီးတော့ ထိပ်တန်းကစားသမားတွေပြည့်နှက်နေတဲ့အသင်းပါ။

ကျွန်တော် သူတို့နဲ့အတူ တွဲဖက်ပြီးကစားဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ပြီးတော့ ဟုတ်ပါတယ်။ ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်ပါ။ ကျွန်တော် သူ့ဆီကနေ သင်ယူပြီး ပွဲတွေမှာ တိုးတက်လာအောင် လုပ်ဆောင်ဖို့ စိတ်လှုပ်ရှားနေပါပြီ။ အခုအခြေအနေက ကျွန်တော် နဲ့ ကျွန်တော့်မိသားစုအတွက် အရမ်းကိုဂုဏ်ယူရတဲ့အခိုက်အတန့်တစ်ခုပါ။ စီးတီးလိုကမ္ဘာ့အကောင်းဆုံးထိပ်တန်းအသင်းတွေထဲကတစ်သင်းကိုပြောင်းလာရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ကျွန်တော် စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ”လို့ ကူဆာနော့ဗ်က ပြောကြားခဲ့ပါတယ်။ စီးတီးအားကစားဒါရိုက်တာ ဘီဂရစ်စတိန်းကလည်း ကူဆာနော့ဗ်ကိုခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာမိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သူ့ကိုခေါ်ယူနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ သူကငယ်ရွယ်တဲ့နောက်ခံလူတစ်ဦးဖြစ်သလို အရမ်းကိုလည်း ဉာဏ်ကောင်းတဲ့ကစားသာမးပါ။ ပြီးတော့ သန်မာပြီး လျင်မြန်ပါတယ်။ပက်လက်အောက်မှာ သူကပိုကောင်းလာနိုင်ပါတယ်။ သူကလည်း တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ သူ့လိုဥရောပရဲ့အလားအလာရှိတဲ့ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့လို့ ကျွန်တော် တကယ်စိတ်လှုပ်ရှားမိပါတယ်”လို့ ဘီဂရစ်စတိန်းက ပြောကြားခဲ့ပါတယ်။ စီးတီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် စနေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။