The network connection is lost.

Banner Image

အသင်းသားတွေကို လှုံ့ဆော်မှုပေးတဲ့ အာတီတာရဲ့ ထူးခြားတဲ့လုပ်ရပ်တွေကို အံ့အားသင့်မိကြောင်း ပြောကြားလာတဲ့ ကီဝီအော

အာဆင်နယ်နောက်ခံလူ ကီဝီအောက ပွဲမစမီ နည်းပြ အာတီတာ၏ ထူးခြားတဲ့ လုပ်ရပ်တွေနဲ့ အသင်းသားတွေကို ပြောဆိုမှုများကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။
 
အသက် ၂၃ နှစ်အရွယ်ကစားသမားသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အီတလီကလပ် စပီဇီယာ မှ ပေါင် ၂၁ သန်းဖြင့် ဂန်းနားသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကီဝီအောသည် ယခုရာသီတွင် ဖူလ်ဟမ်နှင့်ပွဲကို ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် အရန်ခုံမှ ပါဝင်ကစားခဲ့ခြင်းအပါအဝင် အာဆင်နယ်အသင်းအတွက် ၁၀ ပွဲ ကစားထားသူဖြစ်ပါတယ်။
 
အဆိုပါပိုလန်လက်ရွေးစင်သည် ယခုအချိန်အထိ အာဆင်နယ်ရှိ ၎င်း၏ ဘဝအကြောင်းကို ဖွင့်ဟခဲ့ပြီး ပြီးခဲ့သည့်နှစ်က Amazon မှတ်တမ်းရုပ်ရှင်တွင် ရိုက်ကူးခဲ့သည့် အာတီတာ၏ ပုံမှန်မဟုတ်သော အဖွဲ့လိုက် ဆွေးနွေးမှုများအကြောင်း ပြောဆိုခဲ့ပါတယ်။ အဖွဲ့လိုက်ဆွေးနွေးချက်တစ်ခုတွင် အာတီတာသည် ၂၀၂၂ ခုနှစ် ဧပြီလတွင် ဘရိုက်တန်အသင်းနှင့် ပွဲမကစားမီ ၎င်း၏ကစားသမားများအား လှုံ့ဆော်ရန် မီးသီးကို ထူးထူးခြားခြားအသုံးပြုကာ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အား ဖန်တီးရန် ၎င်း၏ကစားသမားများအား ပတ်ပတ်လည်ဝိုင်းဖွဲ့စေခိုင်းသည်ကို မြင်တွေ့ခဲ့ရကြောင်းပြောခဲ့ပါတယ်။
 
ကီဝီအောက "(သောမတ်စ်) အက်ဒီဆင်က မီးသီးကို တီထွင်ခဲ့တယ်' လို့ အာတီတာက ပြောပါတယ်။ ဒီနေ့ မီးသီးတစ်လုံးက သူ့ဘာသာသူ ဘာမှမဟုတ်တဲ့အတွက် သူ့ကို အလင်းပေးနိုင်ဖို့ချိတ်ဆက်ထားတဲ့ အသင်းတစ်သင်းကို တွေ့ချင်ပါတယ်။ အချင်းချင်း ချိတ်ဆက်နိုင်ပြီး တောက်ပြောင်တဲ့ အသင်းတစ်သင်းကို မြင်ချင်ပါတယ်။
 
ဘာလို့လဲဆိုတော့ အဆုံးမှာ လျှပ်စစ်က အပူကနေ အလင်းနဲ့ အသက်ကို ဖန်တီးတယ်။ မင်းတို့ရဲ့စိတ်တွေကို လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ချိတ်ဆက်နိုင်အောင်လုပ်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ စိတ်ကူးမရှိရင် မှောင်နေလိမ့်မယ်။ ဒီနေ့ ထူးထူးခြားခြားဖြစ်စေချင်တာက မင်းတို့အားလုံးရဲ့ သဘောထားတွေ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိမိကစားဖို့နဲ့ နားလည်မှုရှိဖို့ပဲ။ ဒီနေ့ မင်းတို့အားလုံးကို အဲဒီသဘောထားနဲ့ ကစားစေချင်တယ်။ အပြင်ထွက်ပါ၊ f****** မီးဖွင့်ပါ၊ ဘောလုံးကစားဖို့ သွားကြရအောင်!" လို့ အသင်းသားတွေအားလုံးကို လှုံ့ဆော်မှုပေးခဲ့တာဖြစ်ပါတယ်။
 
အာတီတာရဲ့အသင်းဆွေးနွေးမှုတွေအကြောင်း Sky Sports နဲ့ စကားပြောခဲ့တဲ့အခါ ကီဝီအောက "ကျွန်တော် ကြုံဖူးတဲ့အရာတွေနဲ့ အရမ်းကွာခြားပါတယ်။ ကွင်းထဲမှာ မထွက်ခင် နောက်ဆုံးသတိပေးဖို့ ဒီကိုလာဆိုပြီးကျွန်တော့်ကို ခေါ်ပါတယ်။ သူ့ရဲ့နည်းစနစ်တွေနဲ့ ကျွန်တော့်ကိုဘယ်လို ကစားဖို့ပြောပါတယ်။ သေချာတာကတော့ အသစ်တစ်ခုပါပဲ။ ဒီလိုမျိုး နည်းပြတစ်ယောက်ဟာ ကျွန်တော်တို့ရဲ့ စိတ်သဘောထားကို အာရုံစိုက်ဖို့ ပြိုင်ပွဲအမျိုးမျိုးနဲ့ စိန်ခေါ်မှုအမျိုးမျိုးကို ဖြတ်ကျော်ပြီး ဂိမ်းနဲ့ပတ်သက်တဲ့ သဘောထားကို ပုံဖော်ပေးနိုင်တဲ့ နည်းပြတစ်ယောက် ဖြစ်လာနိုင်တာကို အရမ်းအံ့သြမိပါတယ်။
 
 အခြားကစားသမားတွေ ပြောတာကို ကျွန်တော်ပြောမယ်။ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းကောင်းပါတယ်၊ ပြီးတော့ သူ့ရဲ့ နည်းဗျူဟာတွေလည်း ပါပါတယ်။ သူက လိုရင်းကို ကောင်းကောင်းပြောနိုင်သူပါ။ အဆိုးမြင်တာတော့ ပြောစရာမရှိပါဘူး"လို့ အာတီတာရဲ့ လက်အောက်မှာ ကစားရခြင်းအတွက် ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။